Social Icons

Pages

Monday, June 8, 2015

ပရဆေးပျိုးဥယျာဉ် အတွင်း ကျော့ကွင်းထောင် ဖမ်းဆီးမှုများကြောင့် တောသမင်များ မျိုးသုန်းမည့် အနေအထားတွင် ရှိနေ



ငါန်းဇွန် ၊ ၈-၆-၂၀၁၅

ငါန်းဇွန်မြို့နယ် အတွင်းရှိ သဘာဝတောများ အတွင်း တောသမင်များ ရာနှင့်ချီ၍ ကျင်လည် ကျက်စားလျက် ရှိရာ ယခု နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် သဘာဝ သစ်တောများ ကျဲပါး သွားသဖြင့် သဘာဝ တောအုပ်သဖွယ် ပြုစုပျိုးထောင် စိုက်ပျိုး ထားသော ကောင်းဆုအောင် ပရဆေး ပျိုးဥယျာဉ် အတွင်း လာရောက် ခိုလှုံနေကြ ခြင်းကြောင့် ပရဆေး ပျိုးဥယျာဉ် က တာဝန်ရှိ သူများက တောရိုင်း တိရ စ္ဆာန် သမင်များကို ဘေးမဲ့ပေးကာ ထိန်းသိမ်း စောင့်ရှောက် နေကြောင်း သိရသည်။

အဆိုပါ တောသမင်များ ကျင်လည် ကျက်စားရာ ပရဆေး ပျိုးဥယျာဉ် အတွင်းသို့ အနီးအနား ကျေးရွာများမှ တောလိုက် မုဆိုးများက ဝင်ရောက်၍ ကျော့ကွင်း ထောင်ကာ တောသမင် များကို ဖမ်းဆီး သတ်ဖြတ် နေကြသဖြင့် ဘေးမဲ့ပေး မွေးမြူထားသည့် တောသမင်များ မျိုးသုဉ်း သွားမည်ကို စိုက်ကွင်း တာဝန်ခံ များက စိုးရိမ် နေကြသည်။

''အပင် စိမ်းစိမ်းစိုစို ဆိုလို့ ဒီဒေသ တစ်ဝိုက်မှာ ကောင်းဆုအောင် ပရဆေး ဥယျာဉ် တစ်ခုပဲ ရှိတဲ့အတွက် သမင်တွေက ဒီ ပျိုးဥယျာဉ် ကိုပဲ အမှီပြု နေထိုင်ကြ ပါတယ်။ ပျိုးဥယျာဉ် က အလုပ်သမား တွေက ပစ်ခတ်ဖမ်းဆီး တာတွေ မလုပ်ဘဲ သူတို့ကြိုက်တဲ့ ဆားကိုပါ ချကျွေးနေတော့ ယဉ်ပါးပြီး အိပ်တန်းဝင်ရင် အလုပ်သမား တွေနေတဲ့ အဆောက်အအုံ တွေနားမှာ သူ့အုပ်စုနဲ့သူ လာအိပ်ကြတာ အကောင် ၁ဝဝ လောက်ရှိပါတယ်။ ဒါပေမဲ့ နီးစပ်ရာ ရွာတွေမှာ ရှိတဲ့ တောလိုက် မုဆိုးတွေက နေ့စဉ် ဆိုသလို စတီးကြိုး (ကားဘရိတ်ကြိုး) တွေကို ကျော့ကွင်း လုပ်ပြီး သမင်သွားတဲ့ ရိုးတွေထဲမှာ ထောင်ဖမ်းကြလို့ အကောင် ၇ဝ လောက်သာ ကျန်ရှိတော့ ပါတယ်။ပျိုးဥယျာဉ်က ဧက ၃၅ဝဝ လောက်ရှိတော့ ထောင့်စေ့အောင် မကြည့်နိုင်တာ ကို အခွင့်ကောင်း ယူပြီး နေ့စဉ်ဆိုသလို လာရောက် ဖမ်းဆီး သတ်ဖြတ် နေကြတာ လက်ပူး လက်ကြပ် မမိသေးတော့ သက်ဆိုင်ရာကို အမှုဖွင့်
တိုင်ကြားဖို့ ခက်နေပါတယ်။ တကယ်ဆို သဘာဝ တောတိရ စ္ဆာန် တွေ ကိုယ့်ဒေသ အတွင်းမှာ မျိုးသုဉ်း ပျောက်ကွယ် မသွားရအောင် ဒေသခံတွေ အနေနဲ့ ထိန်းသိမ်း စောင့်ရှောက် သင့်သလို သက်ဆိုင်ရာ အနေနဲ့ကလဲ ကူညီ စောင့်ရှောက် ပေးစေချင် ပါတယ်''ဟု စိုက်ကွင်း တာဝန်ခံ တစ်ဦးက ပြောပြ၍ သိရသည်။ (၁၇၈)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...