Social Icons

Pages

Monday, June 8, 2015

နမ့်ခမ်းမြို့ မှ တောင်ကြီးမြို့ သို့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ကျပ်သိန်း ၃၀၀၀ ကျော် ဖမ်းဆီးရမိ



မန္တလေး ၊ ၈-၆-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု မှ ဒုတိယ ရဲအုပ် မြတ်သူရွှေ ဦးစီး အဖွဲ့သည် သတင်းအရ ဇွန် ၆ ရက် နံနက် ၆ နာရီခွဲက လားရှိုး မြို့ရှောင်လမ်းရှိ အေးရှားဝေါလ် တိုးဂိတ်အနီး စောင့်ဆိုင်းနေစဉ် နမ့်ခမ်းမြို့ဘက် မှ လားရှိုးဘက်သို့ စိုင်းဆု(ခ) လှိုင်းပန် မောင်းနှင်ပြီး ဘေးမှ နန်းစောခင် စီးနင်း လိုက်ပါလာသည့် CRV အမျိုးအစား ခဲရောင် မော်တော်ယာဉ် ကိုရှာဖွေရာ စိုင်းဆု ဝတ်ဆင်ထားသည့် အဝါရောင် ရှမ်းဘောင်းဘီ ဘယ်ဘက်အိတ်ကပ် အတွင်းမှ ကြွပ်ကြွပ်အိတ် အဖြူရောင်ဖြင့် ထည့်လျက် ဘိန်းဆီရည်များ သုတ်လိမ်း ထားသော အညိုရောင် ခတ်ခူး အမျှင်ခြောက် ၁၅ ဂရမ်ပါ တစ်ထုပ်နှင့် ငွေကျပ် ၅ဝဝဝ တန် ၁၂ ရွက်၊ ၄င်း ကိုင်ဆောင်ထားသည့် စစ်စိမ်းရောင် လက်ကိုင်အိတ် အတွင်း မိုင်းကိုင် စက္ကူဖြင့် ထုပ်ထားသော အပြာရောင် ပလတ်စတစ် အိတ်ငယ် တစ်အိတ်လျှင် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂ဝဝ စီပါ ၈ ထုပ် ၊ စုစုပေါင်း ဆေးပြား ၁၆ဝဝ၊ ယာဉ်နောက်ခန်း တွင် တင်ဆောင် လာသည့် TAIYO စာတန်းပါ ခဲရောင် မီးခံသေတ္တာ အတွင်း ထည့်သွင်း သယ်ဆောင် လာသော မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့် အပြာရောင် ပလတ်စတစ် ကပ်ခွာ အိတ်ငယ် တစ်ထုပ်လျှင် WY စာတန်းပါ လိမ္မော်ရောင် ဆေးပြား ၂ဝဝ စီပါ အထုပ်ငယ် ၅ဝ လျှင် အထုပ်ကြီး တစ်ထုပ်နှုန်းဖြင့် ၁၅ ထုပ် ဆေးပြား ၁၅ဝဝဝဝ စုစုပေါင်း ဆေးပြား ၁၅၁၆ဝဝ တန်ဖိုးငွေကျပ် ၃ဝ၃၂ဝဝဝဝဝ ၊ နန်းစောခင် ကိုင်ဆောင် ထားသည့် အညိုရောင် မိန်းမကိုင်အိတ် အတွင်း မူးယစ်ဆေးဝါးများ ရောင်းချရာမှ ရရှိသည်ဟု ယူဆရသော ငွေကျပ်သိန်း ၂ဝ တို့ကို ရှာဖွေဖမ်းဆီး ရမိခဲ့ပြီး စိုင်းဆု ၏ ပြောပြချက်အရ အဆိုပါ ဆေးပြားများကို နမ့်ခမ်းမြို့နယ် ၊  ကွမ်ဟိုင်းကျေးရွာ နေ ဆန်ကွမ်း ဆိုသူ ထံမှငွေ ကျပ်သိန်း ၁၂ဝဝ ဖြင့် ဝယ်ယူခဲ့ပြီး နမ့်ခမ်းမြို့မှ တောင်ကြီးမြို့သို့ သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွဆေးပြား များ သယ်ဆောင်လာသူ စိုင်းဆု(ခ) လှိုင်းပန် (ဘ) ဦးလုံသြလိန် ၊ တောင်ကြီးမြို့ နေသူ ၊ နန်းစောခင် (ဘ) ဦးယီထွန်း၊ တောင်ကြီးမြို့ နေသူနှင့် စိတ်ကြွ ဆေးပြား များ ရောင်းချသူ ဆန်ကွမ်း နမ့်ခမ်းမြို့နယ် နေသူတို့ သုံးဦးကို လားရှိုးမြို့မ ရဲစခန်း က မယ(ပ) ၁ဝဝ/၁၅၊ မယပုဒ်မ- ၁၅/၁၉(က)/ ၂ဝ(က)/၂၁ အရ အမှုဖွင့် အရေးယူ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၁၇၆)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...