Social Icons

Pages

Monday, May 4, 2015

ရှားပါးသစ်ခွမျိုးစိတ် များကို မျိုးစေ့ဘဏ်များထူထောင်ပြီး ရေရှည် ထိန်းသိမ်းမည်


Queen of Vanda orchid or a mini bag

ရန်ကုန် ၊ ၄-၅-၂၀၁၅

မြန်မာနိုင်ငံရှိ မျိုးသုဉ်း ပျောက်ကွယ် နိုင်သည့် ရှားပါးသစ်ခွ မျိုးစိတ်များကို ရှာဖွေ သုတေသန ပြုလုပ်ပြီး မျိုးစေ့ဘဏ် များတွင် ရေရှည်ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန မှ သိရသည်။

အဖိုးတန်ရှားပါး သစ်ခွမျိုးစိတ်များ မျိုးသုဉ်းခြင်းမှ ကာကွယ်ရန် ဆောင်ရွက်မည့် အဆိုပါ စီမံချက်ကို နော်ဝေ - မြန်မာ နှစ်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝ သယံဇာတ ထိန်းသိမ်းရေး ကဏ္ဍ လုပ်ငန်းစဉ်များ အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး နော်ဝေ နိုင်ငံရှိ သုတေသနဌာန များဖြင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သဘာဝသစ်ခွ များကို သယ်ဆောင်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း တို့ကို သစ်တော ဥပဒေအရ တားဆီးထား သော်လည်း နေရာဒေသ တချို့တွင် သစ်ခွဥ အခြောက်၊ အစိုများ ၊ ပန်းပွင့်နေသည့် အပင်များကို တရားမဝင် ရောင်းချလျက် ရှိပြီး အိမ်နီးချင်း တရုတ်နိုင်ငံ ဈေးကွက်သို့ အများဆုံး ရောင်းချလျက် ရှိကာ တရုတ်နိုင်ငံက တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အဓိက အသုံးပြုကြောင်း မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းမှ သစ်ခွ ပညာရှင်တစ်ဦး က ပြောသည်။

ထို့ကြောင့် မျိုးစေ့ဘဏ် ထူထောင်ခြင်းဖြင့် သစ်ခွမျိုးစိတ်များ ပြန်လည် မျိုးပွား လာနိုင်မည် ဖြစ်ကာ လက်ရှိတွင် သုတေသနပြု မှတ်တမ်းတင် ထားသော သစ်ခွမျိုးစိတ် ပေါင်းများစွာ ရှိကြောင်း သိရသည်။

အေဒီမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...