Social Icons

Pages

Tuesday, May 12, 2015

မန္တလေး - ပြင်ဦးလွင် လမ်းဘေးရှိ ဆီးခြံများ ပျောက်ကွယ် စပြုလာ



ပြင်ဦးလွင် ၊ ၁၂-၅-၂၀၁၅
 
မန္တလေး - ပြင်ဦးလွင် ကားလမ်းဘေးရှိ လက်ကောင်း၊ ကျောက်မီး၊ ကျောက်ချော စသည့် ကျေးရွာတို့တွင် ယခင်က စိုက်ပျိုးလျက် ရှိသော ဆီးခြံများကို လမ်းဘေး ဝဲယာတစ်လျှောက် ပြင်ဦးလွင်မြို့ အတက် ၁၆ မိုင် တောင်ခြေနား ထိ များစွာ စိုက်ပျိုး ထားကြသည်ကို တွေ့ရှိခဲ့ရ သော်လည်း ယခုအခါ တစ်စ တစ်စ ပျောက်ကွယ် စပြုလာပြီ ဖြစ်သည်။

ထိုကဲ့သို့ ပျောက်ကွယ် လာရခြင်းမှာ များပြား လာသော လူဦးရေ နှင့် နေအိမ်တိုက်တာ အဆောက်အအုံများ ဆောက်လုပ် လာရခြင်း၊ ပြည်ပမှ ဝင်ရောက် လာသော အမျိုးအမည် အသစ် ဆီးသီး ဈေးကွက်ကို ဒေသခံ မျိုးဖြစ်သော ဆီးသီးများက ယှဉ်ပြိုင် ထိုးဖောက် မရောင်းချ နိုင်ခြင်း၊ ဆီးခြံများတွင် လုပ်ကိုင်မည့် အလုပ်သမား ရှားပါး လာခြင်းတို့ ကြောင့် ဖြစ်ကြောင်း ဆီးခြံစိုက် တောင်သူ တစ်ဦးက ပြောပြသည်။

ထို့ပြင် မန္တလေးမြို့ အနီးဝန်းကျင် တစ်လျှောက်တွင် အိမ်ခြံမြေ ဈေးမြင့်တက် လာမှု တို့ကြောင့် ဆီးခြံ ပိုင်ရှင်များက မြေယာတို့ကို ရောင်းချ လာခြင်း တို့ကြောင့် လည်းကောင်း၊ တိုးတက် ပြောင်းလဲ လာသော ခေတ်၏ လိုအပ်ချက် အရ လမ်း၊ တံတား နှင့် အဆောက်အအုံ များ ဆောက်လုပ်ရန် မရှိမဖြစ် အသုံးပြု ရသော ကျောက် အမျိုးမျိုးကို ယခင် ဆီးခြံများ အနီးရှိ ကျောက်ဆောင် ကျောက်တောင် များမှ ရယူရခြင်း ဖြစ်သော ကြောင့် ပိုမိုအကျိုး ဖြစ်ထွန်း စေနိုင်သော ကျောက်ခွဲစက်၊ ကျောက်ထုတ် လုပ်ငန်းကို အစားထိုး ဝင်ရောက် လုပ်ကိုင်လာခြင်း တို့ကြောင့် လည်းကောင်း၊ ဆီးခြံများ နည်းပါး လာရသည်။

ပြင်ဦးလွင် မြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ်အတွင်း မန္တလေး - ပြင်ဦးလွင် ကားလမ်းဘေး တွင် ယခင်က ဆီးခြံများ စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်း နှင့် ဆီးသီး ပေါ်ချိန် ရာသီတွင် ဆီးသီး အရောင်း ဆိုင်တန်းများ တွေ့မြင်ခဲ့ရ သော်လည်း ယခုအခါ ဆီးခြံများကို အတွင်း ဝင်ရောက်ရသော ကျေးရွာများ ၌သာ စိုက်ပျိုး ထားရှိပြီး ဆီးသီး ရောင်းချသူ အရေအတွက် လည်း လျော့နည်း သွား၍ ပြည်ပမှ ဝင်ရောက် လာသော အခြားသီးနှံ ကုန်စည် အသစ်များ ကိုသာ ရောင်းချလျက် ရှိနေကြကြောင်း သိရသည်။ (၁၆၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...