Social Icons

Pages

Tuesday, May 12, 2015

ဥပဒေအရ ကာကွယ်မှု အဆင့်သုံးဆင့် သတ်မှတ်တောရိုင်း တိရစ္ဆာန်များကို ပစ်ခတ်ခြင်း နှင့် ဖမ်းယူခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်


ဥပဒေအရ ကာကွယ်ပေးထားသော တောဆင်ရိုင်းများကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၂-၅-၂၀၁၅

ဥပဒေအရ ကာကွယ်မှု အဆင့် သုံးဆင့် သတ်မှတ်ထားသည့် တောရိုင်း တိရ စ္ဆာန်များကို ပစ်ခတ်ခြင်း၊ ဖမ်းယူခြင်း၊ သယ်ဆောင်ခြင်း နှင့် ထုတ်ယူ သုံးစွဲခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရ စ္ဆာန် ထိန်းသိမ်းရေး ဌာနမှ သိရသည်။

ကာကွယ်မှု အဆင့်သုံးဆင့် တွင် လုံးဝ ကာကွယ်ထားသည့် တိရ စ္ဆာန်များ၊ သာမန် ကာကွယ် ထားသည့် တိရ စ္ဆာန်များ နှင့် ရာသီအလိုက် ကာကွယ် ထားသည့် တိရ စ္ဆာန်များ ပါဝင်ပြီး လုံးဝကာကွယ် ထားသည့် တိရ စ္ဆာန်များ စာရင်းတွင် မြန်မာ့ ရွှေသမင်၊ ကြယ်လိပ်၊ တိုက်လိပ် စသည့် လိပ်မျိုးစိတ်၊ ငှက်မျိုးစိတ်၊ တွားသွား သတ္တဝါမျိုးစိတ်၊ အာရှဆင်၊ ကျား၊ ကြံ့၊ ကြံ့သူတော်၊ ပြောင်၊ တောခွေး၊ တောင်ငုံးရင်မည်း၊ ဒေါင်းစိမ်းနှင့် မြန်မာ့ နှာခေါင်းလန် မျောက် စသည့် တိရစ္ဆာန်များ ပါဝင်ကြောင်း သိရသည်။

သာမန် ကာကွယ် ထားသည့် တိရစ္ဆာန်များမှာ အရေအတွက် အားဖြင့် မျိုးသုဉ်း ပျောက်ကွယ် နိုင်သည့် အခြေအနေတွင် မရှိသေး သော်လည်း ရေရှည်တွင် တရားမဝင် သတ်ဖြတ်ခြင်း နှင့် ဖမ်းဆီးခြင်းများ ပြုလုပ်လာလျှင် မျိုးသုဉ်း သွားနိုင်မည့် အခြေအနေ ရှိသည့် တိရ စ္ဆာန်များ ပါဝင်ပြီး ရာသီအလိုက် ကာကွယ် ထားသည့် တိရစ္ဆာန် များမှာ ရှားပါး တိရ စ္ဆာန်များ ထဲတွင် မပါဝင်ဘဲ ပေါများသည့် တိရ စ္ဆာန်များ ဖြစ်ပြီး သူတို့၏ မျိုးဆက် ပြန့်ပွားမှု မထိခိုက် စေရန် မိတ်လိုက် ရာသီနှင့် သားပေါက် ရာသီများ သတ်မှတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လုံးဝ ကာကွယ် ထားသည့် တိရ စ္ဆာန်များနှင့် သာမန် ကာကွယ် ထားသည့် တိရစ္ဆာန်များကို ပစ်ခတ်မည် ဆိုပါက ထောင်ဒဏ် ငါးနှစ်မှ ခုနစ်နှစ် အထိ ပြစ်ဒဏ်ချမှတ် နိုင်ပြီး အမဲလိုက်ခြင်း ဥပဒေကို ကျူးလွန် ပါကလည်း ထောင်ဒဏ် ခုနစ်နှစ် အထိ ချမှတ်နိုင်ကြောင်း သိရသည်။

သဘာဝ အခြေအနေ၊ ဂေဟစနစ် နှင့် ကျက်စားသည့် တောအခြေအနေ ကောင်းပြီး မျိုးဆက်များ ဆက်လက် ရှင်သန်ပေါက် ပွားလာနိုင်သည့် နယ်မြေများကို သဘာဝ နယ်မြေအဖြစ် ထိန်းသိမ်း ထားလျက်ရှိပြီး မျိုးသုဉ်းလု နီးပါး ဇီဝမျိုးစိတ် များကို ထိန်းသိမ်းရာတွင် ပြည်ပ အဖွဲ့အစည်း များနှင့် နားလည်မှု စာချွန်လွှာများ ချုပ်ဆို၍ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...