Social Icons

Pages

Tuesday, May 12, 2015

ပုဂံအာနန္ဒာဘုရား ၌ တွေ့ရှိခဲ့သော နံရံဆေးရေးပန်းချီ များကို ဖော်ထုတ်ထိန်းသိမ်း ပြသသွားမည်



ပုဂံ ၊ ၁၂-၅-၂၀၁၅

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ အာနန္ဒာ ဘုရား တောင်ဘက် လမ်းလျှောက် လိုဏ်၏ အရှေ့ခြမ်း နံရံပေါ်၌ အေဒီ ၁၇ ရာစု နှင့် ၁၈ ရာစုခန့်က ရေးဆွဲခဲ့သည့် နံရံဆေးရေး ပန်းချီများကို တွေ့ရှိခဲ့သည့် အတွက် ဖော်ထုတ် ထိန်းသိမ်းပြသ သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ မှ သိရသည်။

အာနန္ဒာဘုရား အတွင်းရှိ ရှေးဟောင်းနံရံ ဆေးရေးပန်းချီ များကို ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီး ဌာနနှင့်အတူ အိန္ဒိယနိုင်ငံမှ Archaeological Survey of India အဖွဲ့တို့ ပူးပေါင်းပြီး ပြန်လည် ဖော်ထုတ်ခြင်း ဖြစ်ပြီး ဘုရားပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ခုနစ်နှစ် စီမံကိန်းဖြင့် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကာ နံရံဆေးရေး ပန်းချီများကို ဧပြီ လကုန်ပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပုဂံဒေသ၌ နံရံဆေးရေး ပန်းချီရှိသော ထင်ရှားသည့် ဂူဘုရားများမှာ အာနန္ဒာ၊ နဂါးရုံ၊ အပယ်ရတနာ၊ မြင်းကပါ ဂူပြောက်ကြီး နှင့် လောကထိပ်ပန် စသည်တို့ ဖြစ်ပြီး ရှေးဟောင်း သုတေသနဌာန အနေဖြင့် ဂူဘုရား အဆူပေါင်း ၁ဝဝ ကျော်မှ နံရံဆေးရေး ပန်းချီများကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ၏ အကူအညီဖြင့် ပုဂံခေတ် လက်ရာအတိုင်း ဖော်ထုတ် ထိန်းသိမ်း ထားပြီး ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...