Social Icons

Pages

Thursday, April 9, 2015

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၀န်ဆောင်မှုလုပ်ငန်းများကို စုံစမ်းမေးမြန်းနိုင်ရန် Call Center တစ်ခုထူထောင်ထားရှိ



ရန်ကုန် ၊ ၉-၄-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အစိုးရအဖွဲ့၏ ဝန်ဆောင်မှု လုပ်ငန်းများကို အများပြည်သူက စုံစမ်းမေးမြန်း နိုင်ရန်အတွက် Call Center တစ်ခုထူထောင် ထားရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်စေရန် အတွက် e-Yangon Online Service Center (www.1881.com.mm) နှင့် အွန်လိုင်း ဝန်ဆောင်မှု Call Center 1881 ကို ထူထောင်ထားခြင်း ဖြစ်ပြီး မည်သူမဆို e Yangon Online Service Center (www.1881.com.mm) တွင် ဝင်ရောက်ကာ ဝန်ဆောင်မှု လုပ်ငန်းများ လျှောက်ထားရာတွင် လိုအပ်သော အချက်အလက် များကို ကြည့်ရှုခြင်း၊ Download ပြုလုပ်ခြင်း၊ Online မှတစ်ဆင့် လျှောက်ထားခြင်း များကို လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်သကဲ့သို့ Call Center 1881 သို့လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ဆောင်မှု လုပ်ငန်းများ အနက် ဝန်ဆောင်မှု လုပ်ငန်း ရှစ်မျိုးနှင့် ပတ်သက်၍ စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်မှု လုပ်ငန်း ရှစ်မျိုးမှာ မော်တော်ကား အရောင်းစင်တာ ဖွင့်လှစ်ခွင့် လျှောက်ထားခြင်း၊ စက်သုံးဆီဆိုင် ဖွင့်လှစ်ခွင့်၊ သိုလှောင်ကန် အသစ် တည်ဆောက်ခွင့် နှင့် သိုလှောင်ခွင့် လိုင်စင် လျှောက်ထားခြင်း၊ စက်သုံးဆီ သိုလှောင်ကန် ထပ်မံတိုးချဲ့ တည်ဆောက်ခွင့် လျှောက်ထားခြင်း၊ စက်သုံးဆီဆိုင် ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ခွင့် လျှောက်ထားခြင်း၊ စက်သုံးဆီ တင်သွင်းခွင့် ကုမ္ပဏီ အမည် ပြောင်းလဲခွင့် လျှောက်ထားခြင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုမ္ပဏီများက မော်တော်ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း အတွက် Car Parking ထောက်ခံချက် လျှောက်ထားခြင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နယ်မှ လိပ်စာပြောင်း (နယ်ဝင်) လျှောက်ထားခြင်း အတွက် Car Parking ထောက်ခံချက် လျှောက်ထားခြင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားခြင်း အတွက် Car Parking ထောက်ခံချက် လျှောက်ထားခြင်း တို့ဖြစ်ပြီး ဝန်ဆောင်မှု လုပ်ငန်း ရှစ်မျိုးကို ဝက်ဘ်ဆိုက်တွင် ဝင်ရောက် စုံစမ်းကြည့်ရှု နိုင်ပြီ ဖြစ်သကဲ့သို့ Call Center 1881 သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...