Social Icons

Pages

Wednesday, April 8, 2015

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ကူးစက်ရောဂါပိုးများ အလွယ်တကူ ဖြစ်ပွားလာနိုင်


ဂျီနီဗာ ၊ ၈-၄-၂၀၁၅

ကမ္ဘာကြီး၏ ရာသီဥတု ဖောက်ပြန် နေခြင်းက ကူးစက် ရောဂါများ ဖြစ်ပွားလွယ်အောင် တစ်ဖက် တစ်လမ်းမှ ဖေးမ နေသကဲ့သို့ ကမ္ဘာ့ နိုင်ငံအသီးသီး မှ နိုင်ငံသားတိုင်း ကမ္ဘာတစ်လွှား ခရီးထွက် နေကြခြင်း သည်လည်း ရောဂါဆိုး ကြီးများ အလွယ်တကူ ကူးစက်ပြန့်ပွား နေရကြောင်း ကုလသမဂ္ဂ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူ များက သတိပေး ပြောဆို လိုက်သည်။

ထို့ပြင် ကမ္ဘာပေါ်တွင် သစ်တောကြီးများ ပြုန်းတီးလာခြင်း သည်လည်း တိရစ္ဆာန်တို့မှ တစ်ဆင့် ရောဂါပိုး အမျိုးမျိုးကို လူသားတို့ထံ ကူးစက် စေခဲ့သော အဖြစ်အပျက်များ ရှိခဲ့ကြောင်း၊ ဥပမာ အားဖြင့် ဆီရာလီယွန်၊ လိုက်ဘေးရီးယား နှင့် ဂီနီနိုင်ငံ တို့တွင် သစ်တောများ ပြုန်းတီးခဲ့ မှုကြောင့် အီဘိုလာ ကဲ့သို့ ရောဂါဆိုးကြီး များက လူသားတို့ကို နှိပ်စက်ညှင်းပန်း ခဲ့ကြသည်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကြီးကြောင့် ရောဂါဆိုးကြီးများ ဖြစ်ပွား စေနိုင်သော ခြင်ကျားကြီးများ ပိုမိုပေါက်ဖွား လာစေပြီး ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါတို့သည် ခြင်ကိုက်ခံ ရခြင်းကြောင့် ကူးစက်ခံကြ ရခြင်း ဖြစ်သည်။

ယနေ့ ကမ္ဘာကြီးသည် တစ်နေ့တခြား လူဦးရေ များပြား လာခြင်းမှ သတ္တုတွင်း လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဆီအုန်း စိုက်ခင်းများမှ လုပ်သားများသည် သစ်တောများ အတွင်း နေထိုင်သော တောရိုင်း တိရစ္ဆာန်များမှ တစ်ဆင့် ကူးစက်မြန်သော ရောဂါဆိုးကြီး များကို အလွယ်တကူ ကူးစက်ခံ ရနိုင်သော အခြေအနေများ ရှိနေကြောင်း ကုလသမဂ္ဂ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူ များက ရှင်းပြသည်။

အရှေ့ အလယ်ပိုင်း ဒေသကြီးတွင် ဖြစ်ပွားခဲ့သော Mers ရောဂါသည် ကုလားအုပ် များမှတစ်ဆင့် လူသားများကို ကူးစက်ခဲ့ခြင်း ဖြစ်ပြီး ရောဂါ၏ မူလအစမှာ လင်းနို့များ ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်က အာဖရိက အနောက် ဒေသကြီးတွင် အီဘိုလာ ရောဂါကြောင့် လူပေါင်း ၁ဝ၅ဝဝ ခန့် အသက်ဆုံးရှုံး ခဲ့ကြရသည်။

ရောဂါပိုး အမျိုးမျိုး တို့သည် သစ်တောများ အတွင်း နေထိုင်သော တောရိုင်း တိရစ္ဆာန်များ တွင်သာ အများဆုံး ပေါက်ပွားလေ့ ရှိသော်လည်း နောင် အနာဂတ်တွင် ကမ္ဘာကြီး၌ ရောဂါ အသစ်အဆန်း ငါးမျိုးခန့် နှစ်စဉ် ပေါ်ပေါက် လာနိုင်ကြောင်း ကုလသမဂ္ဂ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူ များက ခန့်မှန်း ပြောဆို ခဲ့သည်ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...