Social Icons

Pages

Monday, April 20, 2015

အာတိတ်ဒေသရေခဲများ အရည်ပျော်မှု မြန်ဆန်လာခြင်းကြောင့် ပိုလာဝက်ဝံကြီးများ ငှက်ဥစားသုံးမှု မြင့်တက်လာ


ဂျီနီဗာ ၊ ၂၀-၄-၂၀၁၅

အာတိတ်သမုဒ္ဒရာ ရေခဲများ အရည်ပျော်မှု မြန်ဆန်လာ၍ ပိုလာဝက်ဝံကြီး များသည် ပင်လယ်ပျော် ငှက်ကြီးများ၏ အသိုက်များ အတွင်း ချင်းနင်း ဝင်ရောက်ကာ ငှက်ဥများ စားသုံးမှုနှုန်း မြင့်မား လာကြောင်း၊ နှစ်နာရီအတွင်း ငှက်ဥပေါင်း အလုံး ၂ဝဝ ကျော် စားသုံး နေကြကြောင်း၊ မကြာမီက ကောက်ယူသော စစ်တမ်းက ဖော်ပြထားသည်။

လွန်ခဲ့သော ၁ဝ နှစ်ကထက် ငှက်သိုက်များ ရှိရာ ဒေသများသို့ ပိုလာဝက်ဝံကြီး များသည် ယခင်နှစ် များကထက် တစ်လကျော် စော၍ ရောက်ရှိလာပြီး ဝင်ရောက် မွှေနှောက် စားသောက် နေကြောင်း သိပ္ပံပညာရှင် များက ရှင်းပြသည်။

အာတိတ်ဒေသမှ ပင်လယ်များတွင် ရေခဲများ အရည်ပျော်မှု များကြောင့် ပိုလာဝက်ဝံ များ၏ ပုံမှန်အစာ ဖြစ်သော ပင်လယ်ဖျံ များမှာ အခြားဒေသသို့ ထွက်ခွာသွား ကြ၍ ယခုကဲ့သို့ ငှက်သိုက်များ ရှိရာသို့ အချိန်စော၍ ရောက်လာ ကြခြင်း ဖြစ်သည်။

အဆိုပါ ပိုလာဝက်ဝံကြီး များ၏ အစားအစာ နယ်မြေချဲ့ထွင် လာခြင်းကြောင့် ၄င်းတို့၏ သားကောင်များ အရေအတွက် ပို၍ နည်းပါးလာဖွယ် ရှိကြောင်း၊ ဂရင်းလန်ကျွန်း အရှေ့ဘက် ကမ်းခြေ ဒေသကြီးသည် ပိုလာဝက်ဝံ များ၏ မူလ ကျက်စားရာ နေရပ်ဖြစ်ပြီး ပိုလာများ၏ ပင်တိုင် အစားခံ သားကောင်များမှာ Barnacle ငန်းအုပ်ကြီးများ ဖြစ်သည်။

သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ပရော က နာဆာ (NASA) က ထောက်လှမ်းရေး ဂြိုဟ်တုများ မှတစ်ဆင့် သိရှိခဲ့သည်မှာ ပိုလာဝက်ဝံကြီး များသည် ၂ဝဝ၄ ခုနှစ်က ပထမဆုံးအကြိမ် အဖြစ် ပင်လယ်ပျော် ငှက်ကြီးများ၏ နေရပ်ဒေသသို့ စတင်ကျူးကျော် လာကြကြောင်း ရှင်းပြသည်။

၎င်း ပိုလာများမှာ တစ်ရက်လျှင် ငှက်ဥကြီးပေါင်း အလုံး ၂ဝဝ ခန့် စားလေ့ရှိပြီး တစ်ခါတစ်ရံ ငှက်ဥပေါင်း ၁ဝဝဝ ခန့်ထိ ပိုလာ တစ်ကောင်တည်းမှ စားသောက် ပစ်သည်ကို တွေ့ရှိခဲ့ရသည်။

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာတိတ်ဒေသမှ ရေခဲများသည် နှစ်ပေါင်း ၄ဝ အတွင်း ပျောက်ကွယ်ဖွယ် ရှိနေပြီး အကျိုးဆက် အဖြစ် ကမ္ဘာတစ်လွှားရှိ ပင်လယ် သမုဒ္ဒရာ ရေမျက်နှာပြင် သည် အထိန်းအကွပ် မဲ့စွာဖြင့် မြင့်တက် လာဖွယ် ရှိကြောင်း ရာသီဥတု ဆိုင်ရာ ပညာရှင်များက သတိပေး စကားများ ပြောဆိုထား ကြသည်ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...