Social Icons

Pages

Wednesday, April 8, 2015

၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ငွေကျပ် သန်း ၁၃ဝဝ ကျော်ဖိုးခန့် မီးရှို့ဖျက်ဆီးခဲ့


ရန်ကုန် ၊ ၈-၄-၂ဝ၁၅

၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ နှစ်နှစ်ကျော် အတွင်း ပြည်တွင်းရှိ စားသုံးရန် မသင့်သည့် စားသောက်ကုန် ငွေကျပ်သန်း ၁၃ဝဝ ကျော်ဖိုးခန့် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှု ရွေ့လျား တားဆီးရေး အဖွဲ့၏ စာရင်းများတွင် ဖော်ပြ ထားသည်။

Mobile Team စတင် ဖွဲ့စည်းသည့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ လအထိ တရားမဝင် ကုန်သွယ်မှု များကို စစ်ဆေးဖမ်းဆီး ခဲ့ရာတွင် စားသုံးရန် မသင့်သည့် စားသောက်ကုန် ပစ္စည်း တန်ဖိုးငွေ ကျပ်သန်း ၁၃ဝဝ ကျော်ကိုလည်း မီးရှို့ဖျက်ဆီး နိုင်ခဲ့သည့် အပြင် မူဆယ် - မန္တလေး လမ်းကြောင်းမှ စားသုံးရန် မသင့်သည့် စားသောက်ကုန် ငွေကျပ် ၆၄၆ ဒသမ ၉ သန်းဖိုးဖြင့် အများဆုံး ဖမ်းဆီးရမိ ခဲ့သည်။

ထို့အပြင် မူဆယ်တွင် စားသုံးရန် မသင့်သည့် စားသောက်ကုန် တန်ဖိုး ငွေကျပ် ၄၁၄ ဒသမ ၁ သန်း၊ မြဝတီ- ရန်ကုန် လမ်းကြောင်းတွင် စားသောက်ကုန် တန်ဖိုး ငွေကျပ် ၂၁၈ ဒသမ ၄ သန်း၊ တမူးတွင် စားသောက်ကုန် တန်ဖိုးငွေကျပ် ၂၂ သန်း၊ တာချီလိတ် တွင် စားသောက်ကုန် တန်ဖိုး ငွေကျပ် ၂၂ သန်း၊ ကျိုင်းတုံတွင် စားသောက်ကုန် တန်ဖိုးငွေကျပ် ၂၁ သန်းဖိုး ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ဝင်ရောက် လာခြင်းကို တားဆီးနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦး စီးဌာနတို့မှ နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ဓာတ်ခွဲခန်း များဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ဆိပ်ကမ်း ခြောက်ခုနှင့် နယ်စပ်စခန်း ခြောက်ခုတို့တွင် Mobile Team များထားရှိ၍ တရားမဝင် ကုန်ပစ္စည်း များကို ဖမ်းဆီးလျက် ရှိသကဲ့သို့ ကျန်းမာရေး ဝန်ကြီးဌာန မှလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ရှိ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ရုံးများတိုးချဲ့ ဖွင့်လှစ်နိုင်ရန် ငွေကျပ် သန်းပေါင်း ၁၂ဝဝ ပေးအပ် ထားကြောင်းနှင့် နယ်စပ် အစားအသောက် နှင့် ဆေးဝါး စစ်ဆေးရေး ဌာနများအဖြစ် မူဆယ်၊ တာချီလိတ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တမူး မြို့များ၌ ဖွင့်လှစ်ထားပြီး ကော့သောင်း နှင့် မြိတ်မြို့ များ၌ ထပ်မံတိုးချဲ့ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...