Social Icons

Pages

Wednesday, April 8, 2015

အဆင့်မြင့်ပညာ ဦးစီးဌာနနှစ်ခု နှင့် အခြေခံပညာ ဦးစီးဌာနသုံးခု တို့ကို ဌာနခွဲနှစ်ခုအဖြစ် ပြောင်းလဲဖွဲ့ စည်းမည်


ရန်ကုန် ၊ ၈-၄-၂ဝ၁၅

ပညာရေးဝန်ကြီး ဌာန လက်အောက်ရှိ အခြေခံပညာ ဦးစီးဌာန သုံးခုကို ဧပြီလမှ စတင်၍ နေပြည်တော် ကောင်စီနယ်မြေ ၌ အခြေခံပညာ ဦးစီးဌာန အဖြစ် ပြောင်းရွှေ့ ဖွဲ့စည်းမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ အမှတ် (၁) နှင့် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနရုံး များနှင့် မန္တလေးမြို့ရှိ အမှတ် (၂) အခြေခံပညာ ဦးစီးဌာနရုံး များကို သက်ဆိုင်ရာ မြို့များ၏ တိုင်းဒေသကြီး နှင့် ပြည်နယ် ပညာရေးမှူးရုံး အဖြစ် ဆက်လက် ထားရှိမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန များမှ သိရသည်။

အမှတ်(၂) အခြေခံပညာ ဦးစီးဌာန အောက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့ ပါဝင်ပြီး အမှတ် (၁) အခြေခံပညာ ဦးစီးဌာန လက်အောက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကရင်ပြည်နယ် တို့ ပါဝင်ကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် အဆင့်မြင့်ပညာ ဦးစီးဌာန (အထက် မြန်မာပြည်)၊ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ အမှတ်(၁) အခြေခံပညာ ဦးစီးဌာန၊ အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန၊ မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ ဦးစီးဌာန နှင့် မြန်မာစာအဖွဲ့ ဦးစီးဌာန ဟူ၍ ဌာနကိုးခု ရှိကြောင်း သိရသည်။

အဆိုပါ ဌာနများ အနက် အဆင့်မြင့် ပညာ ဦးစီးဌာန နှစ်ခုကို ဌာနတစ်ခု အဖြစ် လည်းကောင်း၊ အခြေခံပညာ ဦးစီးဌာန သုံးခုကို ဌာနတစ်ခု အဖြစ် လည်းကောင်း ဖွဲ့စည်း၍ နေပြည်တော်၌ ရုံးထိုင်သွားရန် ရှိကြောင်း သိရသည်။

ထို့အပြင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား ကျောင်းသူ များပြားသော တိုင်းဒေသကြီး နှင့် ပြည်နယ်များ ၌လည်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် များကို ရုံးထိုင် စေမည်ဖြစ်ပြီး ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန
ကို အမည် ပြောင်းလဲ၍ မကြာမီ ဖွဲ့စည်းမည့် အတွင်းဝန်ရုံး လက်အောက်တွင် ထားရှိ နိုင်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...