Social Icons

Pages

Friday, April 24, 2015

ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်းအတွက် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ တို့မှ လာရောက်ဆွေးနွေး



ဘားအံ ၊ ၂၄-၄-၂၀၁၅

ကရင်ပြည်နယ်ရှိ ဇွဲကပင် တောင်ပေါ်သို့ အချိန်တို အတွင်း တက်ရောက် နိုင်မည့် ကေဘယ်လ်ကား စီမံကိန်း လုပ်ကိုင်ရန် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့မှ စိတ်ဝင်စား၍ လာရောက် ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ ကေဘယ်လ်ကား စီမံကိန်း ဖြစ်မြောက်ရန် ယခင်က မလေးရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ သော်လည်း လက်ရှိတွင် ယင်းကုမ္ပဏီနှင့် ဆက်လက် လုပ်ကိုင်ခြင်း မရှိဘဲ ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံတို့နှင့် လုပ်ကိုင်ရန် ဆွေးနွေးနေကြောင်း သိရသည်။

လူဦးရေ ၄ဝ စီးနိုင်သော ကေဘယ်လ်ကား စီမံကိန်း ဖြစ်မြောက်ရေး အတွက် အလှူငွေ ကောက်ခံရာတွင် လက်ရှိ အချိန်အထိ ငွေကျပ်သန်း ၄ဝဝ ကျော် ရရှိပြီးဖြစ် သော်လည်း ယခင် ပြုလုပ်မည့် မလေးရှား ကုမ္ပဏီ၏ တွက်ချက်မှုအရ ကေဘယ်လ်ကား အတွက် ငွေကျပ်သန်း ၇ဝဝဝ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ဇွဲကပင် ဆံတော်ရှင် စေတီတော်မြတ်ကြီး သို့ လာရောက် ဖူးမြော်ကြသည့် ပြည်တွင်း ပြည်ပ ဘုရားဖူးများ တစ်နှစ်ထက် တစ်နှစ် ပိုမိုလာရောက် လျက်ရှိပြီး လက်ရှိအချိန်တွင် ခြေကျင် တက်ရောက် ရသဖြင့် အချိန် သုံးနာရီခန့် ကြာမြင့်နေကာ ကေဘယ်လ်ကား စီမံကိန်း အကောင် အထည်ဖော် နိုင်မည်ဆိုပါက အချိန်တိုအတွင်း တက်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇွဲကပင် တောင်ပေါ်သို့ အချိန်တိုအတွင်း တက်ရောက် နိုင်မည့် ကေဘယ်လ်ကား လမ်းကြောင်း၏ အရှည်မှာ ၁၆၅ဝ မီတာ ရှည်လျားမည် ဖြစ်ပြီး အဆိုပါ ကေဘယ်လ်ကား စနစ်အတွက် ဆွစ်ဇာလန် နိုင်ငံနှင့် သြစတြေးလျနိုင်ငံ တို့မှ ပစ္စည်းများ မှာယူ၍ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...