Social Icons

Pages

Monday, March 23, 2015

Telematics စနစ်အတွက် ခရီးသည်တင်ယာဉ်များ ၀န်ဆောင်ခပေးရမည်


ရန်ကုန် ၊ ၂၃-၃-၂၀၁၅

ရန်ကုန်- မန္တလေး အမြန်လမ်း အသုံးပြုယာဉ် များတွင် ဧပြီ ၁ ရက်မှစ၍ Telematics စနစ်တပ်ဆင်ပြီး စီမံခန့်ခွဲမှု ဆောင်ရွက် သွားမည်ဖြစ်ရာ ခရီးသည်တင် ယာဉ် Express မော်တော်ယာဉ် ကြီးများ တစ်လလျှင် ဝန်ဆောင်ခ အဖြစ် ငွေကျပ် ၂ဝဝဝဝ ပေးဆောင် အသုံးပြု သွားလာရမည် ဖြစ်ကြောင်း ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့ နေပြည်တော် (စီလမ်းဆုံ) အင်ဂျင်နီယာ မှူးကြီးရုံး အစည်းအဝေး ခန်းမ၌ မတ် ၁၉ ရက်က ကျင်းပပြုလုပ် ခဲ့သည့် ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့၏ စာနယ်ဇင်း ရှင်းလင်းပွဲ သတင်းများအရ သိရသည်။

အမြန်လမ်း အသုံးပြုရန် အတွက် မော်တော်ယာဉ် ကြီးများတွင် Telematics စနစ် တပ်ဆင်မှု ဝန်ဆောင်ခ တစ်လလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် တစ်နှစ်စာ အတွက် ငွေကျပ် ၂၄ဝဝဝဝ ပေးဆောင် ရမည်ဖြစ်ပြီး အခြား မည်သည့် စရိတ်မျှ ထပ်မံ ပေးဆောင်ရန် မလိုကြောင်း သိရသည်။ 

ထို့ပြင် ကိုယ်ပိုင်ယာဉ်ငယ် များတွင်လည်း ယခု စမ်းသပ်နေသည့် Telematics ( Plug and Go ) စနစ်ကို ဆက်လက် တပ်ဆင်သွားမည် ဖြစ်သည်။ ကိုယ်ပိုင်ယာဉ်ငယ် များတွင် Telematics ( Plug and Go  စနစ် တပ်ဆင်ရန် အတွက် ခရီးစဉ် တစ်ခုလျှင် ငွေကျပ် ၅ဝဝ ကျသင့်မည် ဖြစ်သော်လည်း ကိုယ်ပိုင်ယာဉ်ငယ် များကို ကောက်ခံသွားမည် မဟုတ်ကြောင်း သိရသည်။

ထိုသို့ အမြန်လမ်း အသုံးပြု မော်တော်ယာဉ် များတွင် Telematic စနစ် တပ်ဆင်ထား သဖြင့် မော်တော်ယာဉ် ပိုင်ရှင် အနေဖြင့်လည်း Telematics စနစ်ဖြင့် စောင့်ကြည့် နိုင်သည့် အချက်အလက် များကို Smart Phone, Computer များဖြင့် အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်မည် ဖြစ်သဖြင့် မိမိတို့ မော်တော်ယာဉ်၏ အခြေအနေ များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ကြမည် ဖြစ်သည့်အပြင် မိမိတို့ မော်တော်ယာဉ် အတွက် လိုအပ်မှုနှင့် အခက်အခဲများ ကြုံတွေ့ ရပါက ချက်ချင်း ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...