Social Icons

Pages

Thursday, March 26, 2015

RBE အဲယားကွန်း အထူးရထားလေးစင်း သင်္ကြန်အကျနေ့မှ အတက်နေ့အထိ ပြေးဆွဲမှုရပ်နားမည်



ရန်ကုန် ၊ ၂၆-၃-၂ဝ၁၅

သင်္ကြန်အကျနေ့ မှ အတက်နေ့အထိ ရန်ကုန်မြို့ပတ် ရထား လမ်းပိုင်း၌ ပြေးဆွဲလျက် ရှိသော RBE အဲယားကွန်း အထူးရထား လေးစင်းကို သုံးရက်တိုင် ပြေးဆွဲမှု ရပ်နားထားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား မှ သိရသည်။

ထိုသို့ ရပ်နားရခြင်းမှာ သင်္ကြန်တွင်း စီးနင်းကြသော ခရီးသည် နည်းပါးခြင်း၊ အဲယားကွန်း ရထား၌ ပါဝင်သော ထိုင်ခုံများ ရေစို ပျက်စီးနိုင်ခြင်း တို့ကြောင့်ဖြစ်ပြီး အဲယားကွန်း ရထားများ အားလုံး ရပ်နားမည် ဖြစ်သော်လည်း ရိုးရိုးမြို့ပတ် ရထားများ အစီးရေထက်ဝက် ပြေးဆွဲမည် ဖြစ်ပြီး သင်္ကြန်ကာလ အတွင်း လက်မှတ်ခ နှုန်းထားများ ပိုမိုပေးဆောင် ရပါက သက်ဆိုင်ရာ ဘူတာ မှ တာဝန်မှူးကို တိုင်ကြား နိုင်ကြောင်း မြန်မာ့ မီးရထား မှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော မြို့ပတ် ရိုးရိုးရထား အစင်းရေ ၂ဝ၅ စင်းရှိပြီး RBE အဲယားကွန်း အထူးရထား လေးစင်းဖြင့် နံနက် ၄ နာရီမှ ည ၉နာရီအတွင်း ပြေးဆွဲလျက် ရှိကာ အဲယားကွန်း အထူးရထား လက်မှတ်ခ နှုန်းထားအဖြစ် ပြည်တွင်းနှင့် ပြည်ပ ခရီးသည် များအား ငွေကျပ် ၃ဝဝ ကောက်ခံလျက် ရှိကြောင်း သိရသည်။

ရန်ကုန် မြို့ပတ်ရထား စနစ်ကို ပိုမို အားကောင်းစေရန် ဒီဇင်ဘာ နောက်ဆုံးပတ်က ရန်ကုန်- ကျိုက်ထို အဲယားကွန်း တွဲဆိုင်းဖြင့် ပုံမှန်ပြေးဆွဲပေး နေသည့် ခရီးစဉ်ကို ရပ်ဆိုင်းကာ အဆိုပါ ရထားကို မြို့ပတ်လိုင်းသို့
ထည့်သွင်း ပြေးဆွဲပေးလျက် ရှိပြီး အလုံမြို့နယ် ထော်လီကွေ့ရပ် စခန်းမှ ပုဇွန်တောင်ဘူတာ အထိ ကမ်းနားလမ်းပိုင်း မှ RBE လူစီး ရထားများကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က စတင်ပြေးဆွဲ ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထာ က ယခုနှစ် အတွင်း တွဲဆိုင်း ၁ဝဝ ကျော်ဝယ်ယူရန် စီစဉ်ထားပြီး ရန်ကုန် မြို့ပတ်ရထား အားလုံးကို အဲယားကွန်း ရထားတွဲများဖြင့် အစားထိုး ပြောင်းလဲခြင်း နှင့် လျှပ်စစ်ရထား ပြေးဆွဲခြင်းကို ယခုနှစ် အတွင်း အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...