Social Icons

Pages

Sunday, March 29, 2015

သဘာဝကို အခြေခံသည့် ခရီးသွားဝန်ဆောင်မှု အစီအစဉ် ယခုနှစ်အတွင်း စတင်နိုင်မည်



ရန်ကုန် ၊ ၂၉-၃-၂ဝ၁၅

သဘာဝရှုခင်း များနှင့် ဒေသဆိုင်ရာ ယဉ်ကျေးမှု အခြေအနေများ အပါအဝင် သဘာဝကို အခြေခံသည့် ခရီးသွား ဝန်ဆောင်မှု အစီအစဉ်ကို ၂ဝ၁၅ ခုနှစ်အတွင်း စတင် ဆောင်ရွက် နိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အဆိုပါ အစီအစဉ်တွင် ခရီးသွားကဏ္ဍနှင့် စပ်လျဉ်း၍ နှစ်အလိုက် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်များ ထည့်သွင်းထားပြီး ၂ဝ၂ဝ ပြည့်နှစ်အထိ အကောင် အထည်ဖော် သွားရမည့် ရေရှည်အစီအမံ ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ရှေ့အလားအလာ တိုးတက်ဖို့ပဲ ရှိပါတယ်။ ဒါပေမဲ့ ဝန်ဆောင်မှု အပိုင်း အားနည်းချက် တွေတော့ ရှိနေပါသေးတယ်။ နောက်တစ်ခုက လာမယ့်နှစ်မှာ အကောင်အထည် ဖော်မယ့် အစီအစဉ်တွေ အရ ကျေးလက် တောရွာတွေအထိ ခရီးသွားတွေ ရောက်နိုင်ရမယ်။ သူတို့ တည်းခိုနိုင်မယ့် လုံးချင်း အိမ်ငှား ဝန်ဆောင်မှုတွေလည်း တိုးချဲ့ ရပါမယ်'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ယခု ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၀င်ရောက်မှုကို သုံးသန်းအထိ မျှော်မှန်း ထားကြောင်းနှင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည် နှစ်သန်းကျော် ဝင်ရောက်ခဲ့ကာ မြန်မာ့ ခရီးသွား လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိခဲ့ကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...