Social Icons

Pages

Wednesday, March 18, 2015

ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းတွင် ပြည်တွင်းကုမ္ပဏီများနှင့် အပြိုင် ပြည်ပကုမ္ပဏီများ လုပ်ကိုင်ခွင့်ရပါက ပြည်တွင်း လုပ်ငန်းများ ထိခိုက်မှုရှိလာနိုင်



ရန်ကုန် ၊ ၁၈-၃-၂၀၁၅

ပြည်ပ ကုမ္ပဏီများမှ ကဏန်းပျော့ မွေးမြူရေး လုပ်ငန်းကို ပြည်တွင်း ကုမ္ပဏီများနှင့် အပြိုင် လုပ်ကိုင်ခွင့် ရရှိလာပါက ပြည်တွင်း ကဏန်းပျော့ မွေးမြူရေး လုပ်ငန်းများ ထိခိုက်မှု ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ကဏန်း
လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ယခုအချိန်တွင် ပြည်တွင်းရှိ ကဏန်းပျော့ မွေးမြူရေးလုပ်ငန်း မှာ ပြည်တွင်း ဈေးကွက်၌ သာမက ပြည်ပ ဈေးကွက်သို့ လည်း တင်ပို့နိုင်သည့် အခြေအနေတွင် ရှိနေသည့် အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက် လုပ်ကိုင်ပါက ပြည်တွင်း ထုတ်လုပ်မှု နှုန်းထားများ လျော့ကျ သွားမည် ဖြစ်ပြီး ပြည်ပပို့ကုန် ဈေးကွက်ပါ ပျောက်ဆုံး သွားနိုင်ကြောင်း ကျွမ်းကျင်သူ များက ထောက်ပြ ထားသည်။ 

ပြည်တွင်း၌ ထုတ်လုပ်သည့် ကဏန်းပျော့ကို မူဆယ်နှင့် မြဝတီသို့ အရှင် တင်ပို့နေပြီး ပြည်တွင်း စားသုံးသူ ဈေးကွက်နှင့် ပြည်ပ နိုင်ငံများသို့ တင်ပို့လျက် ရှိသည့် လက်ရှိ အခြေအနေတွင် ပြည်ပကုမ္ပဏီ ၂ဝ ကို ဝင်ရောက် လုပ်ကိုင်ခွင့်ပြု ပါက ပြည်တွင်း လုပ်ငန်းရှင်များ အခက်အခဲများ ကြုံတွေ့ လာနိုင်ကြောင်း ကဏန်း မွေးမြူရေး လုပ်ငန်းရှင် များက ပြောသည်။

''မြန်မာနိုင်ငံက ကဏန်း မွေးမြူရေး လုပ်ငန်းကတော့ အရင်ထက် စာရင် အများကြီး အဆင်ပြေ ပါတယ်။ ကဏန်းပျော့ ဆိုတာက သဘာဝက ရတာကို အခြေခံပြီး ထုတ်လုပ်ရတာ ဖြစ်ပြီး ဒီရေတော ကနေ သဘာဝ အတိုင်း ပေါက်ပွားတာကို ပြန်လည် မွေးမြူရတာ ဖြစ်လို့ အကန့်အသတ် တော့ ရှိပါတယ်။ ဒါကြောင့် အနာဂတ်မှာ သဘာဝ ပတ်ဝန်းကျင် ကိုလည်း မထိခိုက်အောင် ကဏန်း သားပေါက် စခန်းတွေကို ထူထောင်ပြီးတဲ့ အခါမှာ သဘာဝကို မျိုးပြန် စိုက်ထုတ်ပြီး လုပ်တဲ့ လုပ်ငန်းတွေလည်း လုပ်ကိုင်ဖို့ ရှိပါတယ်။ ပြည်ပကုမ္ပဏီ ၂ဝ လောက် ကသာ ဝင်ရောက် လုပ်ကိုင်လာမယ် ဆိုရင် ထွက်ရှိမှုနှုန်းက ၁ဝ ရာခိုင်နှုန်း လောက်ပဲ ရှိတော့မယ်။ လုပ်ငန်းတွေ ကျသွား နိုင်တယ် ''ဟု မြန်မာနိုင်ငံ ကဏန်း လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...