Social Icons

Pages

Wednesday, March 18, 2015

မြို့ပတ်ရထား လက်မှတ်ခများကို သင်္ကြန်မတိုင်မီ မိုဘိုင်းလ်ဖုန်းဖြင့် ငွေပေးချေနိုင်မည့် Speed ကျပ်သုံး e-Ticket ဖြင့် ရောင်းချနိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၈-၃-၂၀၁၅

ရန်ကုန်မြို့ပတ် နှင့် ဆင်ခြေဖုံး လမ်းပိုင်းများသို့ ပြေးဆွဲလျက် ရှိသည့် မြို့ပတ်ရထား လက်မှတ်ခ များအား မိုဘိုင်းလ်ဖုန်းဖြင့် ငွေပေးချေ နိုင်မည့် Speed ကျပ်သုံး e-Ticket ဖြင့် ရောင်းချနိုင်ရန် စီစဉ်လျက် ရှိပြီး ၄င်း အစီအစဉ် ၏ ရှေ့ပြေးအဖြစ် လက်ရှိ ရောင်းချလျက် ရှိသည့် လက်မှတ်များ အစား Computerized Ticketing စနစ်ဖြင့် ပြောင်းလဲ ရောင်းချနိုင်ရန် မြန်မာ့ မီးရထားနှင့် Internet Wallet Limited တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Computerized Ticketing စနစ်ဖြင့် လက်မှတ် ရောင်းချမည့် ဝန်ဆောင်မှုကို ရန်ကုန်မြို့ပတ် နှင့် ဆင်ခြေဖုံး ဘူတာများ ဖြစ်သည့် ရန်ကုန်၊ ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ သမိုင်း၊ အင်းစိန်၊ ဒညင်းကုန်း၊ လှော်ကား၊ မင်္ဂလာဒုံ၊ တံတားကလေး၊ ပုရွက်ဆိတ်ကုန်း၊ တိုးကြောင်ကလေး၊ သင်္ဃန်းကျွန်း၊ မလွှကုန်း နှင့် ပုဇွန်တောင် စသည့် ၁၅ ဘူတာတွင် စတင် ဆောင်ရွက် သွားမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ အကောင် အထည်ဖော် နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ ထို့ နောက်ပိုင်းတွင် ကျန်ဘူတာ များအား Computerized Ticketing လက်မှတ် ရောင်းချနိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ခရီးသည်များ လက်မှတ် ဝယ်ယူရာတွင် ထိရောက် လွယ်ကူစေရေး အတွက် ဘူတာများရှိ တာဝန်ကျ အရောင်း ဝန်ထမ်းများမှ ဆောင်ရွက် ပေးမည်ဖြစ်ပြီး Computerized Ticketing လွယ်ကူစွာ အသုံးပြုနိုင် စေရန် အတွက်လည်း သတင်းနှင့် နည်းပညာ ဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက် ပေးမည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအား ရန်ကုန်မြို့နှင့် ဆင်ခြေဖုံး လမ်းပိုင်းများတွင် Computerized Ticketing စနစ်ဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်း ထားသည့် ရထားလက်မှတ်ခ နှုန်းထားများ အတိုင်း ခရီးသည်များ လွယ်ကူစွာ လက်မှတ်ဝယ်ယူ နိုင်စေရန်၊ လက်မှတ် ဝယ်ယူရာတွင် လွယ်ကူစေသည့် စနစ်နှင့် အတူ ခရီးသည်များ အတွက် သတင်းနှင့် နည်းပညာ အချက်အလက် များဆိုင်ရာ ဝန်ဆောင်မှု များကို ဆောင်ရွက် ပေးရန်၊ သမားရိုးကျ လက်မှတ်အစား IT Technology ဖြင့် Computerized Ticket ကို ခေတ်မီစွာ အသုံးပြု  လာခြင်းဖြင့် ရထားစီး ခရီးသည်များ အတွက် နိုင်ငံတကာ အဆင့်မီသည့် ဝန်ဆောင်မှုက ပေးနိုင်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Computerized Ticketing စနစ် လက်မှတ် ရောင်းချရာတွင် ကွန်ပျူတာ၌ စတင်မြင်တွေ့ ရမည့် အမည် ဖော်ပြထားသော ဘူတာများမှ မိမိရောက်ရှိ နေသည့် ဘူတာ၊ သွားရောက်မည့် ဘူတာ အမည်တို့ကို ရွေးချယ်၍ ကွန်ပျူတာ လက်မှတ်ကို လွယ်ကူစွာ ဝယ်ယူနိုင်ပြီး ဝယ်ယူမည့် လက်မှတ် စောင်ရေနှင့် လက်မှတ်တန်ဖိုး တို့အား ဆက်လက်ရွေးချယ် ခြင်းဖြင့် ကွန်ပျူတာ လက်မှတ်ကို စက္ကန့်ပိုင်း အတွင်း ရရှိမည် ဖြစ်သည်။ နောက်ပိုင်းတွင် Speed ကျပ်သုံး e-Ticket ဝန်ဆောင်မှု ရရှိပါက မိုဘိုင်းလ်ဖုန်း ဖြင့် ငွေပေးချေ နိုင်မည် ဖြစ်သောကြောင့် မီးရထားစီး ခရီးသွားများ အနေဖြင့် ပြန်အမ်းငွေ အကြွေကိစ္စနှင့် အတူ ငွေစက္ကူ ကိုင်တွယ် ထိန်းသိမ်းခြင်း တို့တွင် ရတတ်အေး ရပြီ ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...