Social Icons

Pages

Monday, February 2, 2015

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် တွင် RCSS/ SSA အဖွဲ့မှ မြှုပ်နှံထားသည့် လက်နက်ခဲယမ်း များအား ဖော်ထုတ် သိမ်းဆည်းရမိ


RCSS/SSA အဖွဲ့မှ မြှုပ်နှံထားရှိသည့် လက်နက်ခဲယမ်း များအား တူးဖော်နေစဉ်

RCSS/SSA အဖွဲ့မှ မြှုပ်နှံထားရှိသည့် လက်နက်ခဲယမ်း များအား တူးဖော်ပြီး တွေ့ရစဉ်

နေပြည်တော် ၊ ၂-၂-၂၀၁၅

နိုင်ငံတော် အစိုးရနှင့် တပ်မတော် ၏ သဘောထား အမှန်ကို သိမြင်၍ RCSS/ SSA အဖွဲ့မှ စိုင်းလုံတစ် (ဘ) ဦးစိုင်းပန် သည် ဇန်နဝါရီ ၂ ရက်တွင် ဥပဒေဘောင် အတွင်း ဝင်ရောက်ခဲ့ပြီး ၄င်း၏ ပြောကြားချက် အရ မိုင်းယောင်း မြို့နယ်၊ ဝမ်ရှန်ကျေးရွာ နှင့် ဝမ်အင်ကျေးရွာ ကြားတွင် RCSS/ SSA အဖွဲ့မှ မြှုပ်နှံ ထားရှိသည့် လက်နက် ခဲယမ်းများ ရှိကြောင်း သိရှိရသဖြင့် ဇန်နဝါရီ ၃ဝ ရက်တွင် တပ်မတော် စစ်ကြောင်း မှ သွားရောက် ရှင်းလင်း ခဲ့သည်။

အဆိုပါ နေရာမှ မြေကြီးထဲတွင် ပလတ်စတစ်ပုံး များဖြင့် မြှုပ်နှံထားသည့် လက်နက်ငယ် မျိုးစုံ ၁၆ လက်၊ ကျည်အိမ် မျိုးစုံ ၂၄ ခု၊ ကျည်မျိုးစုံ ၃၉၄ တောင့်နှင့် မိုင်းမျိုးစုံ ၁၅ လုံးတို့ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် အဆိုပါ နယ်မြေအတွင်း ရှိ ဒေသခံ ပြည်သူများ လုံခြုံအေးချမ်း စွာဖြင့် နေထိုင်နိုင်ရေး အတွက် နယ်မြေစိုးမိုးရေး တာဝန်များ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...