Social Icons

Pages

Monday, February 2, 2015

၂၀၁၄-၂၀၁၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တီခုံအမှတ်(၁) ၌ Smoke Ball အားရိုက်၍ ဖွင့်လှစ်ပေးစဉ်

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း Smoke Ball အားရိုက်၍ ဖွင့်လှစ်ပေးစဉ်

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း Smoke Ball အားရိုက်၍ ဖွင့်လှစ်ပေးစဉ်

နေပြည်တော် ၊ ၂-၂-၂၀၁၅

၂ဝ၁၄-၂ဝ၁၅ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၆ နာရီခွဲတွင် နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ် ပေးသည်။

အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ နှင့် ပြိုင်ပွဲဝင် အသင်းများမှ အားကစား သမားများ တက်ရောက် ကြသည်။

ဖွင့်ပွဲ အခမ်းအနား စတင်ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တီခုံ အမှတ်(၁)၌ Smoke Ball  အားရိုက်၍ ဦးစွာဖွင့်လှစ် ပေးသည်။ ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တို့က Smoke Ball အားရိုက်၍ ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် ပါဝင်ယှဉ်ပြိုင် ကစားကြမည့် ပြိုင်ပွဲဝင် အသင်းများမှ အားကစား သမားများက သတ်မှတ်တီခုံ အသီးသီးတွင် ပါဝင် ယှဉ်ပြိုင် ကစား ကြသည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲအား ဇန်နဝါရီ ၃၁ ရက်မှစ၍ နေပြည်တော် ဂေါက်ကွင်း နှင့် ရေပြာ ဂေါက်ကွင်း တို့တွင် ကျင်းပပြုလုပ် လျက်ရှိပြီး ပြိုင်ပွဲဝင် အသင်း ၂ဝ သင်း ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...