Social Icons

Pages

Wednesday, February 4, 2015

အောင်ပန်းမြို့မှ သီးနှံတင် ကုန်စည်ကားကြီးများ ကုန်ရှားပါးမှု ကြုံတွေ့နေ



အောင်ပန်း ၊ ၄-၂-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ အဓိက ကုန်စည်များ စီးဆင်းရာ အောင်ပန်းမြို့ ပြည်သာယာဈေး (အောက်ဈေး)ရှိ ကုန်ကားများမှာ ရာသီချိန် မဟုတ်သဖြင့် ကုန်ရရှိရန် အခက်အခဲ များဖြင့် ရင်ဆိုင် နေရကြောင်း သိရသည်။

လက်ရှိ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်း ရွာငံ- ရေဦး၊ မြိုင်မြို့နယ် တို့မှ ထွက်ရှိသည့် ဒေသမျိုးလိမ္မော်၊ ထောပတ်၊ ကန်စွန်းဥ၊ ပန်းဂေါ်ဖီနှင့် ပင်လောင်း၊ တီကျစ်၊ နောင်တရား၊ ဟဲဟိုးမြို့နယ် တို့မှ ထွက်ရှိသော အာလူး စသော ကုန်စည်ငါးမျိုး ကိုသာ အဓိက အားထား၍ တင်ပို့ နေရကြောင်း သိရသည်။

ထိုသို့ ကုန်တင်ပို့ ရာတွင် ရန်ကုန် ဈေးကွက်မှ အချိန်မလို သည့် ဘုရင့်နောင် ကုန်စည်ဒိုင် သို့ အာလူး၊ ကန်စွန်းဥ၊ ခါကျက်ဥ၊ မုန်ညင်းဖြူထုပ်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး နှင့် လိမ္မော် စသည်တို့ကို သီရိ မင်္ဂလာဈေးသို့ ပါဆယ် ဂိတ်ကြီးငါးဂိတ်မှ ဆယ်ဘီး ကားကြီး တစ်စီးလျှင် ကုန်ချိန် ၈၅ဝဝ၊ တစ်ဆယ့် နှစ်ဘီးကား တစ်စီးလျှင် ကုန်ချိန် ၁ဝဝဝဝ မှ ၁ဝ၅ဝဝ ဖြင့် ရရှိသမျှ ကုန်ချိန် အနည်းငယ်စီကို ပေါင်းဖြည့်၍ တစ်ရက်လျှင် တစ်စီးနှုန်း ရအောင်ပင် မနည်းကြိုးစား၍ တင်ပို့ နေရကြောင်း သိရသည်။

အဆိုပါ အောင်ပန်းမြို့ ပြည်သာယာဈေးကြီး တွင် ပွဲရုံကြီး၊ သေး စုစုပေါင်း ၁ဝဝ ခန့်ရှိပြီး ရန်ကုန်သို့ ကုန်စိမ်း တစ်ပိဿာလျှင် ကားခငွေကျပ် ၄ဝ မှငွေကျပ် ၅ဝ ၊ကုန်ခြောက် တစ်ပိဿာလျှင် ၅၅ ကျပ်မှ ငွေကျပ် ၆ဝ၊
မန္တလေးသို့ ကုန်တစ်ပိဿာ လျှင် ၃၅ ကျပ်မှ ငွေကျပ် ၄ဝ ဖြင့် ရာသီချိန်၌ နေ့စဉ် ကားအစီးရေ ၂ဝ ခန့် တင်ပို့ နိုင်သော်လည်း ယခုလပိုင်း အတွင်း တစ်ရက်လျှင် တစ်စီးနှုန်း ထွက်ရှိနိုင်ရန် မနည်းပင် ကြိုးစား နေရကြောင်း ပြည်သာယာ ဈေးအတွင်းရှိ ကုန်ကားဂိတ်မှ တာဝန်ခံ ဂိတ်မှူးက ပြောပြ၍ သိရသည်။ (၁၇၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...