ကမ္ဘာ့ဘဏ်အကူအညီဖြင့် တည်ဆောက်မည့်
ကင်ညာနိုင်ငံမှ နှစ်ထပ်လမ်း ပုံစံ
အမေရိကန်ပြည်ထောင်စု တွင် အသုံးပြုလျက်ရှိသည့် နှစ်ထပ်လမ်း တစ်နေရာ
ရန်ကုန် ၊ ၁၆-၂-၂၀၁၅
ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ရည်ရွယ်သည့် အဆင့်မြင့် နှစ်ထပ်လမ်း စီမံကိန်းများကို ဖော်ဆောင်ရန် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များနှင့် ဆွေးနွေး နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ (လမ်းနှင့်တံတား) ဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု များကို ဖြေရှင်းရန် ခုံးကျော် တံတားများ တည်ဆောက် ခဲ့သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုမှာ ၂ဝ ရာခိုင်နှုန်းသာ ပြေလည် ခဲ့ကြောင်းနှင့် ရေရှည်တွင် အဆင့်မြင့် နှစ်ထပ်လမ်း များဖြင့် အကောင် အထည်ဖော် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ယင်းကုန်ကျ စရိတ်ကို နိုင်ငံတော် အစိုးရအဖွဲ့သို့ တင်ပြထားပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အချို့နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေ ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
ထိုသို့ ဆွေးနွေးရာတွင် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)၊ မလေးရှား နိုင်ငံမှ ကုမ္ပဏီတစ်ခု နှင့် ပြည်တွင်း ကုမ္ပဏီများ ပါဝင်ခဲ့ကြပြီး ဆွေးနွေးမှုပြီး၍ အဆင်ပြေ သွားပါက ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် တွင် အဆင့်မြင့် နှစ်ထပ်လမ်း စီမံကိန်းကို စတင်နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်း လုပ်ဆောင် ဖြစ်ပါက ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများကို BOT စနစ်ဖြင့် လုပ်ဆောင် ခွင့်ပြုမည် ဖြစ်ပြီး လမ်း အသုံးပြုခများ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန် တစ်မြို့လုံးသို့ အချိန်တို အတွင်း သွားလာနိုင်မည့် မြို့ပြင် ပတ်လမ်း စီမံကိန်း ကိုလည်း လုပ်ဆောင်မည် ဖြစ်ပြီး ယင်းအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း နှင့် ၄င်း အတွက်လည်း အကူအညီရရန် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ နှင့် ဆွေးနွေး နေကြောင်း သိရသည်။
ယင်းမြို့ပြင် ပတ်လမ်း စီမံကိန်းမှာ အမြန် မြို့ပတ်လမ်း ပုံစံဖြစ်ပြီး လမ်းတစ်လျှောက်၌ မီးပွိုင့်များ လုံးဝရှိမည် မဟုတ်ဘဲ ယင်းလမ်းကို ဖြတ်သန်း အသုံးပြုမှု အတွက် ဖြတ်သန်းခ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment