Social Icons

Pages

Sunday, March 1, 2015

သင်္ကြန်မဏ္ဍပ်များတွင် သီဆိုဖျော်ဖြေမည့် မြန်မာသံစဉ်သီးချင်းများ အတွက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး နှင့် မူပိုင်ရှင်တို့ထံ အကြောင်းကြားရန် လိုအပ်



ရန်ကုန် ၊ ၁-၃-၂၀၁၅

ယခုနှစ် သင်္ကြန်ပွဲတော် အတွင်း ရေကစားမဏ္ဍပ် များတွင် သီဆိုဖျော်ဖြေမည့် မြန်မာသံစဉ် သီချင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးသို့ အကြောင်းကြား ရမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ ဂီတ အစည်းအရုံး၏ မြန်မာသံစဉ် သီချင်းများ အသုံးပြုမှု နှင့် ပတ်သက်သည့် မူပိုင်ခွင့် ဆိုင်ရာထုတ်ပြန် ကြေညာချက် အရ သင်္ကြန်ပွဲတော် အတွင်း ဖျော်ဖြေရေး မဏ္ဍပ်များနှင့် ဂီတ ဖျော်ဖြေပွဲ များတွင် အသုံးပြု သီဆို ဖျော်ဖြေမည့် မြန်မာသံစဉ် သီချင်းများနှင့် ပတ်သက်၍ ဂီတ အစည်းအရုံး သို့ဖြစ်စေ၊ သက်ဆိုင်ရာ တေးသီချင်း မူရင်းပိုင်ရှင် များသို့ဖြစ်စေ အသိပေး အကြောင်းကြား ကာ ခွင့်ပြုချက် ရယူရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
.
ဂီတအစည်းအရုံးမှ မကြာသေးမီ က ထုတ်ပြန် ခဲ့သော အဆိုပါ ကြေညာချက် တွင် စီးပွားဖြစ် အခကြေးငွေဖြင့် ကျင်းပသော ဂီတ ဖျော်ဖြေပွဲ များတွင် မြန်မာသံစဉ် သီချင်းများ အသုံးပြု လိုပါက မြန်မာနိုင်ငံ ဂီတ အစည်းအရုံးသို့ တိုက်ရိုက် အကြောင်းကြား ၍ သီချင်းများကို အသုံးပြု နိုင်ကြောင်း သိရသည်။ ဂီတ အစည်းအရုံး သို့ အကြောင်းမကြား နိုင်ပါက အသုံးပြုမည့် တေးသီချင်း နှင့် သက်ဆိုင်သော တေးရေး၊ တေးဆို၊ တီးခတ်၊ စက်မှုနှင့် ထုတ်လုပ် သူများ ထံတွင် ခွင့်ပြုချက် တောင်းခံ နိုင်ကြောင်း အကြောင်းကြား ခြင်းမရှိဘဲ မူပိုင်ရှင် ရှိသော မြန်မာသံစဉ် သီချင်းများကို ဖျော်ဖြေပွဲ များတွင် အသုံးပြုပါက ဖျော်ဖြေပွဲ ကျင်းပသော တာဝန်ခံ များအား တေးသီချင်းနှင့် သက်ဆိုင်သူ များမှ တရားစွဲဆို နိုင်ကြောင်း သိရသည်။
.
ထို့အပြင် မည်သည့် တိုက်ရိုက် ထုတ်လွှင့်ခြင်း ကိုမဆို မြန်မာဂီတ နှင့် သက်ဆိုင် လာပါက မြန်မာနိုင်ငံ ဂီတ အစည်းအရုံး သို့ ကြိုတင် အကြောင်းကြား အသိပေးကာ တေးသီချင်း မူပိုင်ခွင့် ရှိသူများကို အနုပညာကြေးများ ပေးအပ်ရန် လိုအပ်ကြောင်း နှင့် ပျက်ကွက် ပါက ပွဲစီစဉ်သူ များက တာဝန်ယူ ဖြေရှင်း ပေးရမည် ဖြစ်ကြောင်း သိရသည်။
.
ဆောင်းဦး
.
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...