Social Icons

Pages

Wednesday, February 18, 2015

(၂၂)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး နှင့် တာဝန်ရှိသူများ (၂၂)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ခင်းကျင်း ပြသထားသည့် ဆေးပစ္စည်းများကို လိုက်လံကြည့်ရှုစဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၅

(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅ဝဝ)၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၌ ကျင်းပ ပြုလုပ်ရာ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်း၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာ မှ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ ညွှန်ကြားရေးမှူး ချုပ်များ၊ ဆေးတက္ကသိုလ် မှ ပါမောက္ခများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ထို့နောက် စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာကြသူများ နှင့်အတူ ခန်းမအတွင်း ပြသထားသော ဆေးပညာ ရပ်ဆိုင်ရာ သုတေသန ပိုစတာများ၊ ဆေးနှင့် ဆေးပစ္စည်း ပြခန်း၌ ခင်းကျင်း ပြသထားသော ဆေးနှင့် ဆေးပစ္စည်း များအား လှည့်လည် ကြည့်ရှု ကြသည်။

ဆက်လက်ပြီး (၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ၏ ပညာရပ် ဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ရာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်း က အဖွင့် အမှာစကား ပြောကြားပြီး ဘာသာရပ် ဆိုင်ရာ အသီးသီးမှ သုတေသန စာတမ်းများ ဖတ်ကြားခြင်း နှင့် ဘာသာရပ် ဆိုင်ရာ ဟောပြော ပို့ချမှုများကို ဆက်လက် ပြုလုပ်သည်။

(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...