Social Icons

Pages

Friday, January 2, 2015

ပြည်ပမှတင်သွင်းသော မော်တော်ယာဉ်များ အပေါ် အခွန်စည်းကြပ်မှု အရ ငွေကျပ် ဘီလီယံ ၁ဝဝဝ ကျော် ကောက်ခံရရှိ


ရန်ကုန် ၊ ၂-၁-၂ဝ၁၅

ပြည်ပမှ တင်သွင်း လာသော မော်တော်ယာဉ် များအပေါ် အခွန်စည်းကြပ် ကောက်ခံရာ တွင် ငွေကျပ် ၁ဝ၁၅ ဒသမ ၆၂၉ ဘီလီယံ ကျော် ရရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကောက်ခံ ရရှိငွေသည် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ မော်တော်ယာဉ် အစီးရေ ၃၈၂၂၆၄ စီးမှ အခွန် ဘဏ္ဍာငွေ အဖြစ် အကောက်ခွန် CD ငွေကျပ်သန်း ၅၁၄၃၈ဝ ဒသမ ၈ဝ၊ ကုန်သွယ် လုပ်ငန်းခွန် CT ငွေကျပ် ၅ဝ၁၂၄၉ သန်း ရရှိခဲ့သည်။ အကောက်ခွန် နှင့် ကုန်သွယ် လုပ်ငန်းခွန်များ စည်းကြပ် ကောက်ခံခဲ့ပြီး ထုတ်ပေးခဲ့သည့် ယာဉ်များအနက် ယာဉ်အို ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက် အတွက် ၉၉၂၆၅ စီး၊ ကား အရောင်းပြခန်း အတွက် ၈၃၂၂၅ စီး၊ သင်္ဘော ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၂၈၆ စီး၊ ကုမ္ပဏီ ပါမစ်ဖြင့် တင်သွင်းမှု အစီးရေ ၇၃ဝ နှင့် ပြည်ပနေ အလုပ် လုပ်ကိုင်သူများ ပါမစ်ဖြင့် တင်သွင်းမှု များအတွက် ၄၃ စီးတို့ ပါရှိကြောင်း သိရသည်။

ထို့အပြင် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းလာမှု အတွက် ၁၉၉၇ စီး၊ စစ်သံ အမှုထမ်း ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၁ဝ၈ စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူ ပါမစ်ဖြင့် တင်သွင်းမှု ၁၉၃၇၉၂ စီးတို့ ပါရှိကြောင်း သိရသည်။

မော်တော်ယာဉ် တင်သွင်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ အပ ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီး များ၌ မော်တော်ယာဉ် လိုအပ်ချက် များသဖြင့် ယာဉ် တင်သွင်းမှု ခွင့်ပြု မူဝါဒကို ပြောင်းလဲမည် မဟုတ်ဘဲ ရန်ကုန်မြို့တော် ၏ မော်တော်ယာဉ် တင်သွင်းမှုကို ကန့်သတ်ရန် စဉ်းစား နေကြောင်း သိရသည်။

ရန်ကုန်မြို့တော် ၌ မော်တော်ယာဉ် တင်သွင်းမှု ကန့်သတ်ရန် စဉ်းစားမည် ဆိုခြင်းမှာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အခွန်တိုးမြှင့် ကောက်ခံခြင်း နှင့် COE ( Certificate of Entitlement) ) ဖြင့် ထိန်းချုပ်ခြင်း စသည့်နည်းလမ်း များနှင့် ရန်ကုန်မြို့ အနေအထား နှင့် ဟန်ချက်ညီမည့် ယာဉ်အစီးရေ ကိုသာ သတ်မှတ်ထား ရှိခြင်း စသည့် နည်းလမ်းများဖြင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...