Social Icons

Pages

Monday, December 22, 2014

၂၀၁၅ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းခွင့် ပြုသည့် Model Year များ ပြောင်းလဲသတ်မှတ်


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၄

မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှု များကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ Model Year များ ပြောင်းလဲ သတ်မှတ်ရန် စာရင်းထုတ်ပြန် ထားကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လာမည့်နှစ်တွင် ပြောင်းလဲ သတ်မှတ်ရာ၌ ယာဉ်အို ယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှုကို Consignment စနစ်အတွက် လူစီး မော်တော်ယာဉ် များကို ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ် အတွင်းသို့ လည်းကောင်း၊ ၁၃၅ဝ စီစီနှင့် အောက် ယာဉ်များကို ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အတွင်းသို့ လည်းကောင်း၊ ကုန်တင်ယာဉ် နှင့် ခရီးသည်တင် ယာဉ်များကို ၂ဝဝ၃ ခုနှစ်မှ၂ဝဝ၉ ခုနှစ်အတွင်း တင်သွင်း ခွင့်ပြုရန် ပြောင်းလဲ သတ်မှတ် ထားကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ထောက်ခံချက်ဖြင့် အငှားယာဉ် လျှောက်ထားမှု များကို ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း သို့ လည်းကောင်း၊ ပုံမှန် လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု ဖြစ်သည့် FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ် လျှောက်ထားမှုများ အတွက် လူစီး မော်တော်ယာဉ် များနှင့် ခရီးသည်တင် Express ဘယ်မောင်း ယာဉ်များကို ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း သို့ လည်းကောင်း၊ လုပ်ငန်းသုံး ယန္တရား များ၊ သာသနာရေး ဆိုင်ရာ ယာဉ်များ နှင့် မြို့တွင်း ပြေးဆွဲသည့် ယာဉ်များ ဖြစ်သည့် ခရီးသည်တင် Mini Bus နှင့် City Bus ဘယ်မောင်းယာဉ် များကို ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အတွင်းသို့ လည်းကောင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ် နှင့် နိဗ္ဗာန်ယာဉ် များကို ၁၉၉၉ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း သို့ လည်းကောင်း တင်သွင်းခွင့်ပြု ထားကြောင်း သိရသည်။

အစိုးရဌာန များမှ မော်တော်ယာဉ် လျှောက်ထားမှု အတွက် လူစီး မော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ်၊ ခရီးသည်တင် ယာဉ်၊ ကုန်တင်ယာဉ် နှင့် ယန္တရားများ အားလုံးကို ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း တင်သွင်း ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော် အတွက် လှူဒါန်းသည့် မီးသတ်ယာဉ်၊ လူနာတင်ယာဉ် များကို လျှောက်ထားရာတွင် Model Year လျှော့ပေါ့ လျှောက်ထားပါက တင်သွင်း ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

လင်းသစ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...