Social Icons

Pages

Thursday, December 25, 2014

တပ်မတော်(ရေ)၏ လေ့ကျင့်ရေး ဗဟိုဌာနကြီး ဖြစ်၍ တပ်မတော်(ရေ) အတွက် အရည်အချင်း ပြည့်ဝသည့် အရာရှိ၊ စစ်သည်များ လေ့ကျင့်မွေးထုတ်


တပ်မတော်(ရေ)၏ လေ့ကျင့်ရေး ဗဟိုဌာနကြီး ဖြစ်၍ တပ်မတော်(ရေ) အတွက် 
အရည်အချင်း ပြည့်ဝသည့် အရာရှိ၊ စစ်သည်များ လေ့ကျင့်မွေးထုတ်

နေပြည်တော် ၊ ၂၅-၁၂-၂၀၁၄


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဌာနချုပ်မှူးက လေ့ကျင့်သင်ကြားရေးပိုင်း ဆိုင်ရာများနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းများ ရှင်းလင်း တင်ပြစဉ်


တပ်မတော် လေ့ကျင့်ရေးတွင် အခြေခံ လေ့ကျင့်ရေးနှင့် ပညာရပ်ဆိုင်ရာ လေ့ကျင့်ရေး ဟူ၍ ရှိကြောင်း၊ အရာရှိ၊ စစ်သည်များစွာကို သင်ကြား ပို့ချနေသည့် တပ်မတော်(ရေ) ၏ လေ့ကျင့်ရေး ဗဟိုဌာနကြီး ဖြစ်၍ တပ်မတော် (ရေ) အတွက် အရည်အချင်း ပြည့်ဝသည့် အရာရှိ၊ စစ်သည် များ လေ့ကျင့် မွေးထုတ် ပေးရမှာ ဖြစ်ကြောင်း၊ တပ်မတော် လေ့ကျင့်ရေး ကျောင်းများ၏ အဆင့်အတန်း သည် နိုင်ငံတကာ အဆင့်မီ ဖြစ်ရန် လိုသကဲ့သို့ သက်ဆိုင်ရာ ဘာသာရပ်များ ကိုလည်း နိုင်ငံတကာ အဆင့်မီစွာ သင်ကြားပို့ချ နိုင်ရန် သင်ကြား ပေးသည့် ဘာသာရပ် များအား လက်တွေ့ နယ်ပယ်တွင် ထိရောက်စွာ အသုံးချနိုင်ရန် လိုကြောင်း၊ သင်တန်းသား များအား ကျွမ်းကျင်စွာ လေ့ကျင့်ပေး နိုင်ရန် သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံစွာ ရှိရန် လိုအပ် သကဲ့သို့ အရည်အချင်း ပြည့်ဝသည့် နည်းပြကောင်းများ ရှိရန်လည်း လိုကြောင်း၊ လက်ရုံးဝန်ထမ်း တပ်ဖွဲ့ဝင် များသည် လိုအပ်ပါက စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင် ရမည် ဖြစ်သကဲ့သို့ ရေတပ်ဖွဲ့ဝင်များ အားလုံးသည်လည်း သင်္ဘောပေါ်တွင် ပင်လယ်ပြင် တာဝန်ကို အချိန်မရွေး ထမ်းဆောင် နိုင်ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သန်လျင် တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေးကျောင်း အစည်းအဝေး ခန်းမ၌ လေ့ကျင့်ရေး ကျောင်းမှ အရာရှိကြီးများအား အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေတပ် လေ့ကျင့်ရေးကျောင်းတွင် လှည့်လည် ကြည့်ရှု စစ်ဆေးစဉ်



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက်ပိုင်းတွင် အဖွဲ့ဝင်များ လိုက်ပါ၍ သန်လျင် တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေး ကျောင်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ အစည်းအဝေး ခန်းမတွင် ဌာနချုပ်မှူးမှ လေ့ကျင့် သင်ကြားရေး ပိုင်းဆိုင်ရာ များနှင့် တပ် တည်ဆောက်ရေး လုပ်ငန်းများ ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Shiphandling Simulator သို့ရောက်ရှိပြီး Bridge Room နှင့် Engine Room တို့တွင် သက်ဆိုင်ရာ နည်းပြ များ၏ လက်တွေ့သရုပ်ပြ သင်ကြားမှုများ၊ Planetarium နက္ခတာရာ ပြခန်းတွင် သက်ဆိုင်ရာ နည်းပြမှ လက်တွေ့ သရုပ်ပြ ရှင်းလင်း တင်ပြမှု များအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်ျားအား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...