Social Icons

Pages

Sunday, December 14, 2014

ကိုးကန့် သောင်းကျန်းသူ လက်ကျန်အဖွဲ့မှ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော် စစ်ကြောင်းများအား အလစ်အငိုက် တိုက်ခိုက်


နေပြည်တော် ၊ ၁၄-၁၂-၂၀၁၄

ကွမ်းလုံမြို့ ၏ အနောက် မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ရှိ နမ့်ကျွမ်း ၊ ဝေါခြုံဒေသ နှင့် မုံးစီး ၊ မုံးပေါ်လေး ဒေသအတွင်း နယ်မြေ လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော် စခန်းနှင့် စစ်ကြောင်းအား ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့မှ သာလွန် အင်အားဖြင့် လက်နက်ကြီးများ အသုံးပြုပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ မိမိစစ်ကြောင်း မှ ပြန်လည် ထိန်းချုပ် တိုက်ခိုက် ခဲ့သော်လည်း ရန်သူက သာလွန် အင်အား အသုံးပြုလျက် ၀ိုင်းဝန်း ပိတ်ဆို့ခဲ့သည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာ နေရာသို့ ပတ်ဝန်းကျင်တွင် လှုပ်ရှားနေသည့် တပ်မတော် စစ်ကြောင်းများ နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက လာရောက် ပူးပေါင်း စစ်ကူပေး တိုက်ခိုက်ခဲ့ သဖြင့် မိမိတပ် များသည် ရန်သူပိတ်ဆို့မှု များကြားမှ စနစ်တကျ ထိုးဖောက် ဆုတ်ခွာ နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် နမ့်ကျွမ်း စစ်ဆင်ရေး ခြေကုပ်စခန်းသို့ ပြန်လည်ပူးပေါင်း နိုင်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် တပ်မတော် စစ်ကြောင်းမှ စစ်သည် ခုနစ်ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ပြီး ၂ဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ကိုးကန့် သောင်းကျန်းသူ လက်ကျန်အဖွဲ့ အနေဖြင့် နိုင်ငံတော် အစိုးရမှ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ် ကာလအတွင်း တပ်မတော်စခန်း နှင့် စစ်ကြောင်းများကို အကြောင်းမဲ့ စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော် အနေဖြင့် နယ်မြေခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအား ထိပါးနှောင့်ယှက်သူ မှန်သမျှကို ဒေသခံ ပြည်သူများနှင့် ပူးပေါင်းကာ ထိရောက်စွာ ချေမှုန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...