Social Icons

Pages

Monday, December 15, 2014

ဂျာမနီနိုင်ငံ 2DF Channel မှ မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရားများ၏ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူး



မန္တလေး ၊ ၁၅-၁၂-၂၀၁၄

ဂျာမနီနိုင်ငံ ရုပ်သံလိုင်း တစ်ခုဖြစ်သော 2DF Channel လိုင်းမှ မြန်မာနိုင်ငံရှိ မန္တလေး မဟာမုနိ ဘုရားကြီး အပါအဝင် အခြား တန်ခိုးကြီး ဘုရားများအား မှတ်တမ်းတင် ဗီဒီယို ရိုက်ကူ ခဲ့ကြောင် သိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေး ဦးစီးဌာန အပါအဝင် ဂျာမနီနိုင်ငံ 2DF Channel ရုပ်သံလိုင်း ထုတ်လုပ်သူ တစ်ဦးနှင့် အခြား ရိုက်ကူးရေး သုံးဦး ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်လင်းအောင် က ပြောပြသည်။

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ် ကြီးကို ရွှေဆိုင်း၊ ရွှေသားများ ဆက်ကပ် ပူဇော်ပုံ နှင့် ရွှေပြားခတ် အနုပညာလုပ်ငန်း မှတ်တမ်း များကို အဓိကထား ရိုက်ကူးခဲ့ပြီး ဆက်လက်၍ ပုဂံဒေသရှိ ထင်ရှားသော စေတီပုထိုးများ၊ သဘာဝ ရှုခင်းများ၊ ပုဂံမြို့ အလှများနှင့် အင်းလေးဒေသ၊ အင်းလေး ဖောင်တော်ဦး ဘုရားနှင့် အင်းလေးကန် ရှုခင်းများကို ရိုက်ကူး သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးဒေသ သည် ယခုအခါ နိုင်ငံခြား တိုင်းပြည်များမှ ယဉ်ကျေးမှု အနုပညာရပ် များကို စိတ်ဝင်စားမှု များပြားသော ဒေသတစ်ခု ဖြစ်လာပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင် အရပ်များ သည်လည်း နိုင်ငံခြားသားများ မဖြစ်မနေ သွားရောက် လည်ပတ်သည့် ခရီးသွားဇုန် တစ်ခု ဖြစ်လာကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတကာ ရုပ်သံလိုင်း ဖြစ်သော ဂျာမနီနိုင်ငံ 2DF Channel ရုပ်သံလိုင်းသည် မြန်မာ့ ယဉ်ကျေးမှုနှင့် ရှုခင်းများကို နိုင်ငံတကာ သို့ ထုတ်လွှင့်ပြသ နိုင်ရန်အတွက် ယခုကဲ့သို့ ရိုက်ကူးရေး ခရီးစဉ်ကို ရေးဆွဲ အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...