Social Icons

Pages

Tuesday, November 18, 2014

ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်း များအား နိုဝင်ဘာ ၁ ရက်နေ့မှစတင် ကပ်ပေးလျက်ရှိ


ရန်ကုန် ၊ ၁၈-၁၁-၂၀၁၄

မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များ အနေဖြင့် တစ်နှစ်တာလုံး ရောင်းရငွေ ကျပ်သိန်း ၁၅ဝ အထက်ရှိလျှင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံပေးရန် ကုန်သွယ် လုပ်ငန်းခွန် အမှတ်တံဆိပ် များအား အရောင်း ပြေစာများတွင် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ကပ်နှိပ် ပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စားသောက်ဆိုင် ၃၃ ဆိုင်မှ အရောင်းပြေစာ များတွင် ကုန်သွယ်ခွန် အမှတ်တံဆိပ်များ စတင်ရိုက်နှိပ် ပေးထားပြီး စားသုံးသူများ ပေးဆောင်ရမည့် ကုန်သွယ်ခွန် များအား ဆိုင်များမှ တိတိကျကျ ကောက်ယူ ပေးသွားရန် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်သွယ် လုပ်ငန်းခွန် ဥပဒေအရ စားသုံးသူများက ကုန်သွယ်ခွန် များကို သွယ်ဝိုက်ခွန် အဖြစ် ပေးဆောင် နေရပြီး စားသောက်ဆိုင် လုပ်ငန်းရှင်များ အနေဖြင့်လည်း ပြည်တွင်း အခွန်များ ဦးစီးဌာန သို့ ပြေစာနှင့် တကွ ရှင်းလင်း ပေးရသည်ဟု ရန်ကုန်တိုင်း ဒေသကြီး အခွန်ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ စားသောက်ဆိုင် လုပ်ငန်းများ အပေါ် ကုန်သွယ် လုပ်ငန်းခွန် ၁ဝ ရာခိုင်နှုန်း ကောက်ယူခြင်းကို ၁၉၄၉ ခုနှစ်မှ စတင် ခဲ့သော်လည်း တိတိကျကျ ဆောင်ရွက် နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စားသောက်ဆိုင် များ၏ အရောင်းပြေစာ များ၌ ကုန်သွယ်ခွန် အမှတ်တံဆိပ်များ ရိုက်နှိပ်ပေးလျက် ရှိကာ ဆိုင်များ၏ ရောင်းအားကို လိုက်၍ တိုးချဲ့ ဆောင်ရွက် သွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် အခွန် အမှတ်တံဆိပ် ခုနစ်မျိုး ထုတ်ပေးထားပြီး ကုန်သွယ်ခွန် ကပ်နှိပ်မှု များအား ရန်ကုန်မြို့၌ သာမက အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး တို့၌လည်း မြို့နယ်များ အလိုက် လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...