Social Icons

Pages

Thursday, November 20, 2014

နိုင်ငံတော်သစ်သို့ အရှိန်အဟုန်မြှင့် ဖော်ဆောင်


နိုင်ငံတော်သစ်သို့ အရှိန်အဟုန်မြှင့် ဖော်ဆောင်

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဝန်ဆောင်မှု လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု များနှင့် ပို့ကုန် တင်ပို့မှုများ အားကောင်း လာခြင်းတို့ကြောင့် GDP တိုးတက်မှုများ ရှိလာသည်။

မြန်မာနိုင်ငံ အနေဖြင့် အရှိန်အဟုန်ဖြင့် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများ၊ စွန့်စားမှုများ များစွာကြုံတွေ့ ခဲ့ရသော်လည်း မူဝါဒ စောင့်ကြည့် လေ့လာရေးအဖွဲ့ ၏ တိကျသော မူဝါဒများ ချမှတ် အကောင်အထည် ဖော်ခြင်းနှင့် ကောင်းမွန်သော စီမံကိန်းများ ရေးဆွဲ အကောင်အထည် ဖော်ခြင်း တို့ကြောင့် စီးပွားရေး တိုးတက်ကောင်းမွန် လာခဲ့သည်။

စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်၍ မြန်မာ့ စီးပွားရေး ပတ်ဝန်းကျင် တစ်ခုလုံး တိုးတက်စေရန် အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် တင်းကျပ်သော နည်းဥပဒေများ ချမှတ် ထားခြင်းကို ဖြေလျှော့ ပေးခြင်း၊ အဓိကကျသည့် ဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် နိုင်ငံတော် အစိုးရသည် သွင်းကုန်ပို့ကုန် လိုင်စင်များကို ချပေးခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ကုန်သွယ်မှု အခွင့်အလမ်း ကောင်းများများစွာ တိုးတက် လာခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် လွှတ်တော်မှ နည်းဥပဒေ အသစ်များ အတည်ပြု ပေးခဲ့သည်။

ထို့ပြင် နိုင်ငံခြားနှင့် ပြည်တွင်းဘဏ်များ ပူးပေါင်း လုပ်ဆောင်နိုင်မည့် နည်းလမ်းများနှင့် စည်းမျဉ်းဥပဒေ များကိုလည်း ဆက်လက် ချမှတ်ပေးလျက် ရှိသည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များကြား အပြည်ပြည် ဆိုင်ရာ နိုင်ငံခြား ငွေကြေး ဈေးကွက်ကို ဖော်ဆောင် နိုင်ရန် နိုင်ငံခြားငေ ကြေးဆိုင်ရာ ကန့်သတ်ချက် များကိုလည်း ဖြေလျှော့ ပေးခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံ တွင် ပြုပြင် ပြောင်းလဲမှု များကို အရှိန်အဟုန်မြှင့် လုပ်ဆောင် နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ခြင်း၊ လွတ်လပ်သော ဈေးကွက်စနစ်ကို ဖော်ဆောင်ခြင်း၊ စီမံကိန်းနှင့် ဘတ်ဂျက် ညှိနှိုင်း ဆောင်ရွက်ခြင်း နှင့် ပြည်သူများ အကျိုးစီးပွား အတွက် ဦးစားပေး ဆောင်ရွက်လျက် ရှိသည်ကို ကမ္ဘာက အသိအမှတ်ပြု ကူညီလာ ကြသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ ၏ စီမံခန့်ခွဲမှု နှင့် ပြည်သူများ၏ စိတ်ရောကိုယ်ပါ ပူးပေါင်း ဆောင်ရွက်မှု ကြောင့် မြန်မာ့ စီးပွားရေးမှာ တိုးတက် လာနိုင်သော အလားအလာ ကောင်းများကို ပိုင်ဆိုင် လာပြီဖြစ်ရာ ဆက်လက်၍ ပြည်သူများ မျှော်မှန်းထားသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ကို နိုင်ငံတော်နှင့် ပြည်သူတို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဖော်ဆောင် သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...