Social Icons

Pages

Wednesday, October 15, 2014

Export ဖက်ရှင် နှင့် တစ်ပတ်ရစ် အ၀တ်အထည် ဈေးကွက်သို့ ဆောင်းရာသီနှင့် ကိုက်ညီသည့် အနွေးထည်များ အလုံးအရင်းဖြင့် ၀င်ရောက်



ရန်ကုန် ၊ ၁၅-၁၀-၂၀၁၄

Export ဖက်ရှင် အရောင်းဆိုင်များ နှင့် တစ်ပတ်ရစ် အဝတ်အထည် ဈေးကွက်များ အတွင်းသို့ ဆောင်းရာသီ နှင့် ကိုက်ညီသည့် အ၀တ်အထည် များကို ပြည်ပမှ အလုံးအရင်းဖြင့် တင်သွင်းမှုများ ပြုလုပ် လာကြကြောင်း ပြည်တွင်း အဝတ်အထည် ရောင်းချသည့် ဈေးကွက် အတွင်းမှ သိရသည်။

မကြာမီ အချိန်တွင် ဆောင်းရာသီသို့ ရောက်ရှိ လာတော့မည် ဖြစ်သောကြောင့် အ၀တ်အထည် အရောင်းဆိုင် များမှ ဆောင်းရာသီ ဖက်ရှင်နှင့် ကိုက်ညီမည့် အဝတ်အထည် မျိုးစုံကို တင်သွင်း ရောင်းချ လာခြင်းလည်း ဖြစ်သည်။

အချို့သော Export ဖက်ရှင် အရောင်းဆိုင်ကြီး များတွင် ဆောင်းရာသီ ဖက်ရှင် အဝတ်အထည် မျိုးစုံကို အရောင်အသွေး စုံလင်စွာဖြင့် ပြသရောင်းချ လာကြသည့် အပြင် ဆူးလေအနီး တစ်ဝိုက် နှင့် ညဈေး အနီးရှိ တစ်ပတ်ရစ် အ၀တ်အထည် ဈေးကွက် များတွင်လည်း ဆောင်းရာသီ ဖက်ရှင် အထည်မျိုးစုံ ရောင်းချ လာသည်ကို တွေ့ရသည်။

အဝတ်အထည် အရောင်းဆိုင် အချို့ကလည်း ယမန်နှစ် လက်ကျန်ဖြစ်သော အနွေးထည် များကို ဈေးထက်ဝက် လျော့၍ ရောင်းချမှုများ ပြုလုပ်လာ သကဲ့သို့ တစ်ပတ်ရစ် မဟုတ်သော အသစ် တင်သွင်း လာသည့် ဆောင်းရာသီ အဝတ်အထည် မျိုးစုံကိုလည်း ရာခိုင်နှုန်း အလိုက် လျှော့၍ ရောင်းချခြင်း များလည်း ပြုလုပ် လာကြသည်။

''အခု လောလောဆယ်တော့ အနွေးထည် ပေါ့ပေါ့ပါးပါးလေး တွေကို တင်သွင်း လာတယ်။ ဈေးနှုန်းကလည်း အသင့်အတင့် နဲ့ သုံးစွဲသူ အားလုံး ဝယ်နိုင်မယ့် ပုံစံမျိုးလေး တွေကို အဓိကထားပြီး တင်သွင်း ကြတယ်။ ဦးစားပေး ကတော့ အင်္ကျီတွေပါပဲ။ ဘောင်းဘီ ကတော့ အားကစား ဘောင်းဘီ မျိုးစုံကိုတင်သွင်း ကြတယ်။ ဆောင်းတွင်း နံနက်ပိုင်း မှာ အားကစားလုပ်ဖို့ ရည်ရွယ်ပြီး တင်သွင်း ထားတာပါ ... '' ဟု Zero Export Fashion အရောင်းဆိုင်မှ မန်နေဂျာ ဦးတင်မြင့်အောင် က ပြောသည်။

Export ဖက်ရှင် အရောင်းအဝယ် ဈေးကွက်တွင် ငွေကျပ် ၇၀၀၀ မှ ၁၂၀၀၀ ကြားရှိ အနွေးထည် များကို အများဆုံး တင်သွင်း ရောင်းချ လာကြပြီး တစ်ပတ်ရစ် အဝတ်အထည် ဈေးကွက် အတွင်းတွင် ငွေကျပ်  ၇ဝဝဝ ၀န်းကျင် အဝတ်အထည် များကို ရောင်းချ နေကြကြောင်း သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...