Social Icons

Pages

Tuesday, October 7, 2014

နိုင်ငံတကာ နှင့် ပြည်တွင်းခရီးသွားများ အဓိကလည်ပတ်ရာ ပုဂံဒေသတွင် ရှုခင်းများကို e-Bicycle ဖြင့် လှည့်လည် ကြည့်ရှုသူများပြား



ရန်ကုန် ၊ ၇-၁၀-၂၀၁၄

နိုင်ငံတကာ နှင့် ပြည်တွင်း ခရီးသွားများ အဓိက လည်ပတ်ရာ ပုဂံဒေသတွင် ပုဂံရှုခင်း၊ မြင်ကွင်းများကို e-Bicycle ဖြင့် လှည့်လည် ကြည့်ရှုသူ ခရီးသွားများ များပြား နေကြောင်း ပုဂံဒေသမှ ဧည့်လမ်းညွှန် များနှင့် ပြည်တွင်း ခရီးသွား များက ပြောပြသည်။ ပုဂံမြို့သစ် နှင့် မြို့ဟောင်းတို့တွင် ပုဂံရှုခင်းများ ကြည့်ရှုရန်နှင့် တစ်နေကုန် လည်ပတ်ရန် ယခင်က ခရီးသွား များသည် မြင်းလှည်းများ၊ စက်ဘီးများ၊ ကားများဖြင့် လည်ပတ်ကြ သော်လည်း ယခုအခါ အုပ်စုလိုက် လျှပ်စစ်စက်ဘီး များဖြင့် လည်ပတ်ခြင်းမှာ ရေပန်းစား နေသည့်အတွက် ပုဂံမြို့သစ်၊ မြို့ဟောင်း နှင့် ညောင်ဦးမြို့ များတွင် e-Bicycle ငှားရမ်းခြင်း လုပ်ငန်းမှာလည်း တွင်ကျယ် လာကြောင်း သိရသည်။

'' e-Bicycle ကတော့ တစ်နေကုန် ငှားရင် အစားစားပဲ။ ဘက်ထရီ ခြောက်လုံးထိုး လေးလုံးထိုး တွေရှိတယ်။ တစ်နေကုန် မနက် ၆ နာရီမှ ည ၇ နာရီလောက် အထိကို ငွေကျပ် ခြောက်ထောင်၊ ခုနစ်ထောင် လောက်နဲ့ ငှားရတယ်။ အန္တရာယ် လဲနည်းပြီး ခရီးလည်း တွင်တော့ အသုံးများတယ်။ ပြည်တွင်း ခရီးသွားရော ပြည်ပ ခရီးသွားပါ သုံးကြတယ် ... '' ဟု ပုဂံမြို့သစ်မှ စိုး e-Bicycle နှင့် အော်တိုမိုဘိုင်း ငှားရမ်းရေးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''မနက်ပိုင်း စောစောထွက်ပြီး သွားရင်တော့ မနက်စာ စားအပြီးကို ဘုရား တော်တော် များများ ရောက်ပါတယ်။ နားနားနေနေ ဆိုရင်တောင် ခုနစ်ဆူတော့ ဖူးလို့ရတယ်။ ညနေ ပုဂံနေဝင် ကြည့်တဲ့ ရွှေဆံတော် ကိုတော့ အားလုံးက အရောက် သွားကြ တာပေါ့ ... '' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောပြသည်။ ပုဂံတွင် အီး-ဘိုက် ခေါ် လျှပ်စစ် စက်ဘီးကို မြို့တွင်း မြို့ပြင် သွားလာရေး အတွက်လည်း ခရီးသွားများ အသုံးများ ကြကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...