Social Icons

Pages

Friday, October 3, 2014

လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ နှစ်တစ်ရာပြည့် မွေးနေ့ရာပြည့် ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်


ရန်ကုန် ၊ ၃-၁၀-၂၀၁၄

မကွေးတိုင်း ဒေသကြီး ၊ နတ်မောက်မြို့ တွင် မွေးဖွားခဲ့သည့် လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ နှစ်(၁ဝဝ)ပြည့် မွေးနေ့ဖြစ်သည့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရာပြည့်ပွဲတော် ကို နတ်မောက်မြို့ ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင် မြို့နယ် ဓမ္မိကရာမ ကျောင်းတိုက် ၌ ပြုလုပ်သည့် ရာပြည့်ပွဲတော် ကျင်းပရေး စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

ရာပြည့်ပွဲတော်ကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ အခမ်းအနားတွင် ဗိုလ်ချုပ်၏ ဇာတိချက်မြှုပ် မွေးရပ်မြေ နတ်မောက်မြို့ ဗိုလ်ချုပ် နေအိမ်ပြတိုက် ၌ သမိုင်း တွင်ရစ်မည့် ကမ္ပည်းမှတ်တိုင် စိုက်ထူခြင်း၊ ရာပြည့်ပွဲတော် လာရောက်သူ များအား ပဲပြုတ်နှင့် နံပြားဖြင့် ဧည့်ခံကျွေးမွေး သွားမည့်အပြင် တရားပွဲများ၊ စာပေ ဟောပြောပွဲများ၊ ပျော်ပွဲရွှင်ပွဲ များနှင့် ဗိုလ်ချုပ် အမှတ်တရ ပြခန်း များကိုလည်း ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ် အမှတ်တရ ပြခန်း ပြသနိုင်ရန် အတွက် ဗိုလ်ချုပ်နှင့် သက်ဆိုင်သော သမိုင်းဝင် စာရွက် စာတမ်းများ၊ ဓာတ်ပုံများ၊ မှတ်တမ်း များအား ပေးပို့ လှူဒါန်း လိုပါက ဖုန်း- ဝ၉- ၄၄ဝ၂ ၂၈၄၇ဝ နှင့် ဝ၉- ၂၅၉ဝ ၄၅၉ဝ၈ ရာပြည့်ပွဲတော် ကျင်းပရေး အဖွဲ့သို့ ဆက်သွယ် ပေးပို့ လှူဒါန်း နိုင်ကြောင်း သိရသည်။

မင်းသစ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...