Social Icons

Pages

Thursday, October 16, 2014

ပန်းချီဆရာ နိုင်မျိုးဝေ ၏ တစ်ကိုယ်တော် ပန်းချီပြပွဲ ပြသမည်



မန္တလေး ၊ ၁၆-၁၀-၂၀၁၄

ပန်းချီဆရာ နိုင်မျိုးဝေ ၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို မန္တလေးမြို့ သိပ္ပံလမ်း နှင့် ၆၆ - ၆၇ လမ်းကြားရှိ IBCT ခန်းမတွင် အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ  ပြပွဲတွင် အက်ခရီလစ် ( Acrylic ) ဖြင့် ရေးဆွဲထားသော ပန်းချီကား (ပုံ) အချပ် ၃ဝ ကို ပြသမည်ဖြစ်ပြီး လာရောက် ကြည့်ရှု သူများက ပန်းချီကား များကို ဝယ်ယူလိုပါက အနည်းဆုံး ငွေကျပ် တစ်သိန်းမှ အများဆုံး ငွေကျပ် နှစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ပန်းချီကားများနှင့် ပတ်သက်၍ ပန်းချီဆရာ နိုင်မျိုးဝေ ၏ ပြောကြားချက် အရ မြန်မာတို့၏ ဘုရားကျောင်းကန် များတွင် တွေ့ရ တတ်သော မြောက်များ စွာသော နတ်ရုပ်တို့၏ နောက်ကွယ်မှ လျှို့ဝှက်သော အကြောင်းအရာ များစွာတို့ကို ပန်းချီ ဆရာမှ စိတ်ဝင်စား မိစွာဖြင့် ရေးဆွဲနည်း စနစ်တစ်ခု ဖြစ်သော အရောင်ကွဲ အစက်အပြောက် များဖြင့် ပုံဖော် ထားသော ပန်းချီ ရေးဆွဲနည်း ( Pointillism ) ကို အားပြု၍ ဖွဲ့စည်း ရေးဆွဲထားသော ပန်းချီကားများ ဖြစ်ကြောင်း သိရသည်။ (၁၆ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...