Social Icons

Pages

Wednesday, September 10, 2014

ရေနံဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချ နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီများကို ထပ်မံ လုပ်ကိုင်ခွင့်ပြု


ရန်ကုန် ၊ ၁၀-၉-၂၀၁၄

မြန်မာနိုင်ငံ အတွက် လိုအပ်နေသည့် ရေနံ ဓာတ်ငွေ့ရည် များကို တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချနိုင်ရန် အတွက် ပုဂ္ဂလိက ကုမ္ပဏီများ သို့ စွမ်းအင်ဝန်ကြီး ဌာနမှ လုပ်ကိုင်ခွင့် ထပ်မံ ခွင့်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန မှ သိရသည်။

စွမ်းအင်ဝန်ကြီး ဌာန အနေဖြင့် ပုဂ္ဂလိက ကဏ္ဍ တိုးမြှင့် ဆောင်ရွက် နိုင်ရေး၊ ပြည်သူများ ရေနံ ဓာတ်ငွေ့ရည် ဝယ်ယူ သုံးစွဲနိုင်မှု ပိုမို အဆင်ပြေ ချောမွေ့ရေး တို့အတွက် ရေနံ ဓာတ်ငွေ့ရည် ( LPG ) တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုပေးလျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ကိုင်ခွင့် ပြုပေးရာ တွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံစာအပါအဝင် လိုအပ်သည့် ထောက်ခံစာ များနှင့်အတူ စွမ်းအင်ဝန်ကြီး ဌာနသို့ လျှောက်လွှာ တင်သွင်း လာသော ကုမ္ပဏီ များကို ၄င်းတို့ လုပ်ငန်း လုပ်ကိုင်မည့် နေရာများသို့ တာဝန်ရှိသူ များက သွားရောက် စစ်ဆေးပြီး သတ်မှတ် ထားသည့် စည်းကမ်းချက် များနှင့် ကိုက်ညီသည့် ကုမ္ပဏီ ရှစ်ခု အား လုပ်ကိုင်ခွင့် လိုင်စင်များကို ထုတ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထိုကဲ့သို့ လုပ်ကိုင်ခွင့် ထုတ်ပေးခဲ့သည့် ကုမ္ပဏီများအနက် ရေလမ်းမှ ရေနံ ဓာတ်ငွေ့ရည် တင်သွင်း လိုသော ကုမ္ပဏီများ စုပေါင်း၍ ရေနံ ဓာတ်ငွေ့ရည် တင်သွင်းခဲ့ရာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ အထိ စုစုပေါင်း ၈၁၂၉ ဒသမ ဝ၆၈ မက်ထရစ်တန် ကို ခြောက်ကြိမ် အထိ တင်သွင်း ခွင့်ပြု ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ကုမ္ပဏီများမှ တင်သွင်း လာသည့် အဆိုပါ ဓာတ်ငွေ့ရည် များ သိုလှောင် နိုင်ရန် အတွက်လည်း စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းအမှတ် (၁) ရေနံချက် စက်ရုံ (သန်လျင်) ရှိ ဓာတ်ငွေ့ရည် သိုလှောင်ကန် များကို ငှားရမ်း အသုံးပြုခွင့် ပေးထားကြောင်း စွမ်းအင်ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...