Social Icons

Pages

Thursday, September 18, 2014

ပြည်တွင်းပြိုင်ပွဲ၌ ဆုကြေးငွေ အများဆုံး ရရှိသူကို Asian Tour ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမည်


ရန်ကုန် ၊ ၁၈-၉-၂၀၁၄

လက်ရှိ ကျင်းပနေသော မြန်မာ ပြည်တွင်း ပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲ၌ ဆုကြေးငွေ အများဆုံး ရရှိသူကို Asian Tour ဂေါက်သီးရိုက် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂေါက်သီးရိုက် အဖွဲ့ချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် သည် မြန်မာ PGA နှင့် ပူးပေါင်း၍ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲကို ဆက်တိုက် ကျင်းပလျက် ရှိပြီး လာမည့် နိုဝင်ဘာတွင် ပြိုင်ပွဲ ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ အပြီးတွင် ဆုကြေးငွေ အများဆုံး ရရှိသူကို Order of Merit Amount ဆု ချီးမြှင့် သွားမည်ဖြစ်ပြီး ဆုရရှိသူသည် Asian Tour ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် နှင့် ကုန်ကျစရိတ်ငွေ စုစုပေါင်း ဒေါ်လာ နှစ်သောင်းခွဲ ရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြည်တွင်းပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲကို ပြီးခဲ့သည့် မတ်လမှ စတင် ကျင်းပခဲ့ပြီး ပြိုင်ပွဲလေးခု ကျင်းပ ပြီးစီးခဲ့ကာ အောက်တိုဘာလ နှင့် နိုဝင်ဘာလ တို့တွင် ပြိုင်ပွဲနှစ်ခု ကိုထပ်မံ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ ဂေါက်သီးသမား များသည် Asian Tour ဂေါက်သီးရိုက် ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ဖြစ် ခဲ့လျှင် နာမည်ကြီး ထိုင်း နှင့် မလေးရှားနိုင်ငံ တို့ရှိ ဂေါက်သီးသမား များနှင့်အတူ ပါဝင် ပူးပေါင်း ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...