Social Icons

Pages

Friday, July 25, 2014

ပျောက်ဆုံးခရီးသည်တင် လေယာဉ် မာလီနိုင်ငံ မြောက်ပိုင်းတွင် ပျက်ကျခဲ့


MD-83 aircraft of Spanish company Swiftair

Victims

The sister-in-law of Lebanese passenger Randa Daher reacts as she holds her mobile phone displaying a picture of Randa and one of her children at her home in the southern Lebanese village of Srifa. According to local media, Randa and her children were on board Air Algerie flight AH 5017, which an Algerian aviation official said crashed en route from Ouagadougou in Burkina Faso to Algiers with 110 passengers on board. 

အယ်လ်ဂျီးရီးယား ၊ ၂၅-၇-၂၀၁၄

ဘာကီနာဖာဆို နိုင်ငံမှ အယ်လ်ဂျီးရီးယား နိုင်ငံသို့ ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ် တစ်စင်းသည် ယမန်နေ့က မာလီနိုင်ငံ မြောက်ပိုင်းတွင် ပျက်ကျ သွားခဲ့ကြောင်း အယ်လ်ဂျီးရီးယား အာဏာပိုင် များက ပြောကြား ခဲ့သည်။

စပိန်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Swiftair ပိုင် အဆိုပါ AH 5017 လေယာဉ်သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မာလီနိုင်ငံ မြောက်ပိုင်းတွင် ရေဒါမှ ပျောက်ကွယ် သွားခဲ့ကြောင်း နှင့် ယင်း လေယာဉ်ပေါ် တွင် ခရီးသည် ၁၁၀ ဦးနှင့် လေယာဉ် အမှုထမ်း ၆ ဦး လိုက်ပါ သွားခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၄င်း လေယာဉ် ပျက်ကျသည့် နေရာကို ယခုတိုင် ရှာဖွေနိုင်ခြင်း မရှိသေးကြောင်း နှင့် လေယာဉ်ပေါ်တွင် လိုက်ပါ သွားသည့် ခရီးသည်များ သေဆုံး ၊ ဒဏ်ရာရရှိသည့် အခြေအနေ အား အတိအကျ ဖော်ထုတ် နိုင်ခြင်း မရှိသေးကြောင်း ဘာကီနာဖာဆို နှင့် ပြင်သစ် အစိုးရအဖွဲ့ မှ တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။

အဆိုပါ လေယာဉ်အား ရှာဖွေနိုင်ရန် အတွက် ပြင်သစ် တိုက်လေယာဉ် ၂ စီးက မာလီနိုင်ငံ မြောက်ပိုင်းတွင် ရှာဖွေ ခဲ့သော်လည်း တွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါ သွားသည့် ခရီးသည် များတွင် ပြင်သစ် နိုင်ငံသား ၅၁ ဦး ၊ ဘာကီနာဖာဆို နိုင်ငံသား ၂၇ ဦး ၊ လက်ဘနွန် နိုင်ငံသား ၈ ဦး ၊ အခြား ဥရောပ နိုင်ငံများမှ ခရီးသည် များလည်း ပါဝင်ကြောင်း နှင့် အဆိုပါ လေယာဉ်သည် မပျောက်ဆုံးမီ ရေဒါမှ နာရီပေါင်း များစွာ အဆက်အသွယ် ပြတ်တောက် ခဲ့ကြောင်းလည်း သိရသည်။ ယင်း ကိစ္စရပ်နှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်းလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...