Social Icons

Pages

Thursday, June 26, 2014

ထိုင်းနိုင်ငံသား လူသတ်တရားခံ သုံးဦးအား ပြန်လည် လွှဲပြောင်းပေးအပ်


တရားခံ သုံးဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်စဉ်

နေပြည်တော် ၊ ၂၆-၆-၂၀၁၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် လူသတ်ပြီး မြန်မာနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင် နေသည့် ထိုင်းနိုင်ငံသား ပါကွေ့ယူဒရ ၂၆ နှစ် (ဘ) ဦးပွန်းထိုး ၊ မွန်ထယ် ၂၈ နှစ် (ဘ) ဦးချိုင်းဝတ် နှင့် ထိုင်းနိုင်ငံသူ မနွန်းစပါး ၂၀ နှစ် (ဘ) ဦးစိုးလန်း တို့ သုံးဦးအား ဖမ်းဆီးပေးရန် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ အကူအညီ တောင်းခံမှု အရ တပ်မတော် စစ်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍ ရှာဖွေ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ ရက်တွင် တာချီလိတ် မြို့နယ် ၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု နာကျဲကျေးရွာ ၌ အဆိုပါ တရားခံ သုံးဦးအား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ တရားခံ သုံးဦးကို ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့ ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ၀င်းထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူး ရဲမှူးကြီး စစ်စီလ်ကန်ဝတ်ကွန်း ဦးစီး အဖွဲ့ထဲသို့ စနစ်တကျ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...