Social Icons

Pages

Wednesday, June 25, 2014

ဘာသာစကား ကျွမ်းကျင်ဧည့်လမ်းညွှန်များ တိုးမြှင့်ပေး



ရန်ကုန် ၊ ၂၅-၆-၂၀၁၄

မြန်မာ့ ခရီးသွား လုပ်ငန်း အနေဖြင့် ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု အပိုင်းတွင် တစ်နှစ်ထက် တစ်နှစ် ပိုမို မြင့်တက် လျက်ရှိရာ ခရီးသွား ဧည့်လမ်းညွှန်များ လုံလောက်မှု မရှိသည့် ပြဿနာကို ဖြေရှင်း နိုင်ရန်အတွက် ဧည့်လမ်းညွှန် များအား တိုးမြှင့် ပေးထားကြောင်း မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန မှ သိရသည်။

ခရီးသွား လုပ်ငန်းပိုင်းတွင် ယခင်နှစ်များထက် ပိုမို ၀င်ရောက် နိုင်သည့်အတွက် ခရီးသွား လုပ်ငန်းတွင် ၀န်ဆောင်မှု ပေးသော ဧည့်လမ်းညွှန် ၃၇၄၉ ဦးနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် ၇၇၁ ဦးအထိ ခရီးသွား လုပ်ငန်းများတွင် ၀န်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။

ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန မှ လက်ရှိ အချိန်အထိ ဧည့်လမ်းညွှန် အဖြစ် အသိအမှတ် ပြုထားသည့် ဧည့်လမ်းညွှန် များမှာ ကိုရီးယား ဘာသာစကား ကျွမ်းကျင်သူ ၂၉ ဦး ၊ အီတလီ ဘာသာစကား ကျွမ်းကျင်သူ ၆၄ ဦး ၊ ရုရှား ဘာသာစကား ကျွမ်းကျင်သူ ၆၈ ဦး ၊ စပိန် ဘာသာစကား ကျွမ်းကျင်သူ ၁၁၁ ဦး ၊ တရုတ် ဘာသာစကား ကျွမ်းကျင်သူ ၁၃၂ ဦး ၊ ထိုင်း ဘာသာစကား ကျွမ်းကျင်သူ ၁၃၂ ဦး ၊ ဂျာမန် ဘာသာစကား ကျွမ်းကျင်သူ ၂၆၄ ဦး ၊ ပြင်သစ် ဘာသာစကား ကျွမ်းကျင်သူ ၂၇၇ ဦး ၊ ဂျပန် ဘာသာစကား ကျွမ်းကျင်သူ ၄၀၃ ဦး ၊ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်သူ ၂၁၈၇ ဦး တို့အား အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေး ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

ကံထူး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...