Social Icons

Pages

Monday, May 12, 2014

မြစ်ကြီးနားမြို့နယ် နှင့် ဝိုင်းမော်မြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းများမှ မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်


 ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သီရိပျံချီ ဦးသိန်းဇော် က ဆိုလာပြား များကို ပေးအပ်စဉ်

မြစ်ကြီးနား ၊ ၁၂-၅-၂၀၁၄

မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော် မြို့နယ် အတွင်းရှိ နယ်မြေ လုံခြုံရေး အရ ခေတ္တ တိမ်းရှောင် လာသော မိသားစု များအား ပြည်နယ် အစိုးရအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့၊ ပလန ကျေးရွာအုပ်စု အင်ခိုင်ဘွမ် တောင်ခြေရှိ တန်ဖိုးနည်း အိမ်ယာ ငွေပျော်စံပြ ကျေးရွာသို့ ပြောင်းရွှေ့ ရောက်ရှိ လာကြသော မိသားစုဝင် များအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို မေလ ၁၁ ရက် နေ့က ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာ က ကယ်ဆယ်ရေး စခန်းများမှ မိသားစု များအား ပြောင်းရွှေ့ နေရာချ ထားမှု အခြေအနေ များအား ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မြစ်ကြီးနား မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သီရိပျံချီ ဦးသိန်းဇော် နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း တို့က အားပေး စကားများ ပြောကြား ခဲ့ကြသည်။

ယင်းနောက် ပြောင်းရွှေ့ နေထိုင် ကြသည့် မိသားစုများ အတွက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သီရိပျံချီ ဦးသိန်းဇော် က ဆိုလာပြား များကို လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က မိသားတစ်စု လျှင် ငွေကျပ် ငါးသောင်းစီ ကိုလည်းကောင်း ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာ က ဆန် များကို လည်းကောင်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း တို့မှ ထောက်ပံ့ ပစ္စည်းများ ကို လည်းကောင်း အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ ကြသည်။

ထို့နောက် ပြောင်းရွှေ့ လာကြသော မိသားစုများ ကိုယ်စား ပြည်သူ တစ်ဦးမှ ကျေးဇူးတင် စကားများ ပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...