Social Icons

Pages

Monday, May 12, 2014

ကယ်ဆယ်ရေးစခန်း မိသားစုများအား တန်ဖိုးနည်းအိမ်ယာ ငွေပျော်စံပြကျေးရွာ သို့ ပြောင်းရွှေ့ နေရာချထားပေး


မြစ်ကြီးနား ၊ ၁၂-၅-၂၀၁၄

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော် မြို့နယ် အတွင်းရှိ နယ်မြေ လုံခြုံရေး အရ ခေတ္တ တိမ်းရှောင် လာသော မြစ်ကြီးနား မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်း ၃ ခုတို့မှ အိမ်ထောင်စု ၁၆ စု နှင့် ဝိုင်းမော်မြို့နယ် ရှိ ကယ်ဆယ်ရေး စခန်း ၁ဝ ခုတို့မှ အိမ်ထောင်စု ၆၅ စုတို့မှ စုစုပေါင်း လူဦးရေ ၅ဝဝ ကျော်တို့အား ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့၊ ပလန ကျေးရွာအုပ်စု အင်ခိုင်ဘွမ် တောင်ခြေ ရှိ တန်ဖိုးနည်း အိမ်ယာ ငွေပျော်စံပြ ကျေးရွာသို့ မေလ ၁ဝ ရက်နေ့ နံနက်ပိုင်းက မော်တော်ယာဉ် များဖြင့် ရွှေ့ပြောင်း သယ်ယူနေမှု တို့ကို ပြည်နယ်စည်ပင် သာယာရေး ဝန်ကြီး ဦးအလေးပါး၊ လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာ တို့သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ နှင့်အတူ ကြည့်ရှု စစ်ဆေးပြီး ပြောင်းရွှေ့ ပြန်လည် နေရာချထား ပေးကာ မိသားစုများ အဆင်ပြေ နေထိုင်နိုင်ရေး အတွက် လိုအပ်ချက် များကို စီစဉ် ဆောင်ရွက် ပေးပြီး မိသားစု များ၏ အုပ်ချုပ်မှု၊ ကျန်းမာရေး၊ ပညာ သင်ကြားရေး အတွက် ယာယီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ယာယီ ကျန်းမာရေး ဆေးပေးခန်း၊ ယာယီ စာသင်ကျောင်း ဆောင်တို့ကို ဖွင့်လှစ် ဆောင်ရွက် ပေးထားသည်။

အဆိုပါ ငွေပျော်စံပြ ကျေးရွာသစ်သို့ မြစ်ကြီးနား မြို့ပေါ်ရှိ တပ်ကုန်း ဧမာနွေလ၊ မော်ဖောင်းခါ နန်လော်ဝေါ် အသင်းတော် ကျောင်းများမှ မိသားစု များနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ အမှတ်(၂) ရပ်ကွက် မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ အမှတ်(၃) လော်ဝေါ်အေဂျီ၊ သာဂရ ဘုန်းတော် ကြီးကျောင်း၊ လီဆူးနှစ်ခြင်း၊ ခတ်ချို ကယ်ဆယ်ရေး စခန်း၊ မိုင်းနား ကက်သလစ် ၊ မိုင်းနားအေဂျီ၊ ရဝမ်နှင့် ဖွံ့ဖြိုးရေးခြံ ကယ်ဆယ်ရေး စခန်းများမှ မိသားစုများ ဖြစ်ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...