Social Icons

Pages

Thursday, May 8, 2014

အငြင်းပွားရေပိုင်နက် အတွင်းရှိ တရုတ်ကုမ္ပဏီများကို နှောင့်ယှက်ခြင်းမပြုရန် ဗီယက်နမ်အား တရုတ်သတိပေး




ဟောင်ကောင် ၊ ၈-၅-၂၀၁၄

တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ ၏ ရေနံတူးစင် ဆောက်လုပ်မှု နှင့် စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံ က ပြစ်တင် ရှုတ်ချ ခဲ့ပြီးနောက် အငြင်းပွား နေသည့် ရေပိုင်နက် အတွင်းရှိ တရုတ် ကုမ္ပဏီများ၏ လှုပ်ရှားမှု များကို နှောင့်ယှက်မှု မပြုရန် ဗီယက်နမ် နိုင်ငံအား တရုတ်နိုင်ငံ က သတိပေး ပြောကြား ခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ရေနံတူးစင် ဆောက်လုပ်မှု နှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံ ကို မေလ ၆ ရက်က ပြင်းပြင်း ထန်ထန် ပြစ်တင် ဝေဖန်ခဲ့သည့် အပြင် ယင်းကဲ့သို့ လုပ်ဆောင်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ် အေးချမ်းမှုကို ခြိမ်းခြောက်သည့် အဓိပ္ပာယ် သက်ရောက် နေကြောင်း ပြောကြား ခဲ့သည်။

သို့ရာတွင် Paracel ကွန်းအတွင်း တရုတ် ကုမ္ပဏီ များ၏ လုပ်ဆောင်ချက် များသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြဋ္ဌာန်းရန်သာ ဖြစ်ပြီး ကျူးကျော် ရန်စမှုများ ကို လုပ်ဆောင်ရန် မဟုတ်ကြောင်း ၊ ဗီယက်နမ် နိုင်ငံက ယင်းကဲ့သို့ နှောင့်ယှက် နေမှုသည် တရုတ်နိုင်ငံ ၏ အချုပ်အခြာ အာဏာ နှင့် စီမံခန့်ခွဲမှု ကို ချိုးဖောက် နေခြင်းသာ ဖြစ်ကြောင်း တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲချီ က ဗီယက်နမ် လက်ထောက် ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဖန်ဘင်မင်း တို့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...