Social Icons

Pages

Monday, November 18, 2013

ဗီယက်နမ်နိုင်ငံတွင် Podul မုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံး



ဟနွိုင်း ၊ ၁၈-၁၁-၂၀၁၃

ဗီယက်နမ် နိုင်ငံတွင် ယခု သီတင်းပတ် အကုန်က Podul မုန်တိုင်း ၀င်ရောက် တိုက်ခတ် မှုကြောင့် ရေကြီးမှုများ ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးကာ ပြည်သူ တစ်သိန်းခန့် ရေဘေးဒဏ် ခံရလျက် ရှိကြောင်း ဗီယက်နမ် အမျိုးသား ကယ်ဆယ်ရေး နှင့် ရှာဖွေရေး အဖွဲ့က ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ Podul မုန်တိုင်းသည် ကွမ်နိုင် ပြည်နယ် ၊ ဘင်ဒင်း ပြည်နယ် ၊ ကွမ်နမ် ပြည်နယ် ၊ ဂီယာလိုင် နှင့် ဖူယန် ပြည်နယ် များအတွင်းသို့ ၀င်ရောက် တိုက်ခတ် ခဲ့ခြင်း ဖြစ်ပြီး ယင်း ပြည်နယ်များ အတွင်း လူသေဆုံးမှုများ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဟနွိုင်း မြို့တော် တောင်ပိုင်းမှ ၇၅၀ ကီလိုမီတာ အကွာရှိ ကွမ်နိုင် ပြည်နယ်တွင် မိုးသည်းထန် စွာ ရွာသွန်း မှုကြောင့် မိုးရေချိန် မှာ ၇၀၀ မီလီမီတာ နီးပါး အထိ မြင့်တက် ခဲ့ပြီး အချို့ နေရာများတွင် ရေနစ်မြုပ်မှု များ ဖြစ်ပေါ် လျက် ရှိကြောင်းလည်း သိရသည်။


ဗီယက်နမ် နိုင်ငံသည် ယခုနှစ် အတွင်းမှာပင် မုန်တိုင်း တိုက်ခတ်မှု အကြိမ်ပေါင်း ၁၉ ကြိမ်ခန့် ကြုံတွေ့ ခဲ့ရပြီး ဖြစ်သောကြောင့် ၁၉၆၄ ခုနှစ်မှ စ၍ အမြင့်ဆုံး စံချိန်အဖြစ် မြင့်တက် ခဲ့ကြောင်း သိရှိရသည်။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...