Social Icons

Pages

Monday, November 25, 2013

မြန်မာ ၊ တောင်ကိုရီးယား နှင့် ကမ္ဘောဒီယား နိုင်ငံတို့သို့ IMF ၏ အုပ်ချုပ်မှု ဒါရိုက်တာ လာရောက်မည်


ရန်ကုန် ၊ ၂၅-၁၁-၂၀၁၃

မြန်မာ ၊ တောင်ကိုရီးယား နှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ၏ အုပ်ချုပ်မှု ဒါရိုက်တာ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

ငွေကြေး ဖောင်းပွနှုန်း လျော့ချခြင်း အပါအဝင် မြန်မာ့ ငွေကြေး မူဝါဒများ ရေးဆွဲရာတွင် အကူအညီ ပေးနေသော နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ၏ အုပ်ချုပ်မှု ဒါရိုက် တာ Ms. Madame Legarde သည် ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံ သို့ လာရောက် မည် ဖြစ်သည်။

အဆိုပါ အုပ်ချုပ်မှု ဒါရိုက်တာ ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နှစ်ရက်တာ ကြာမြင့်မည် ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် တောင်ကိုရီးယား နှင့် ကမ္ဘောဒီယား နိုင်ငံ တို့သို့ သွားရောက်မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ် အတွင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် အကြီးတန်း အုပ်ချုပ်သူများ ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တို့နှင့် တွေ့ဆုံရန်လည်း ရှိပြီး နိုင်ငံတကာ အမျိုးသမီး ခေါင်းဆောင် များ တက်ရောက်မည့် အမျိုးသမီး ဖိုရမ်သို့လည်း တက်ရောက်ရန် ရှိကာ အမျိုးသမီး များ၏ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးမည် ဖြစ်သည်။ ၄င်းအပြင် ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသား များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...