တောင်ငူ ၊ ၁၈-၁၁-၂၀၁၃
ယခုနှစ် ကေတုမတီ (တောင်ငူ) မြို့တည်
နန်းတည် (၅၀၃) နှစ်ပြည့် ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ၁၇ ရက်အထိ ကျင်းပခဲ့သည်။ ၀င်းခင်း
သဘင် ဖွင့်ပွဲ အခမ်းအနား အား ယမန်နေ့ နံနက် ၇ နာရီတွင် ကျင်းပရာ တောင်ငူ ခရိုင် အုပ်ချုပ်ရေးမှူး
ဦးကျော်သက် ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း ၊ ပွဲတော် ကျင်းပရေး ကော်မတီဝင်
ဒေါက်တာ မြသောင်း နှင့် တောင်ငူ တက္ကသိုလ် မြန်မာစာ ပါမောက္ခ (ငြိမ်း) ဒေါ်မာမာဝေ တို့က
ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြကြောင်း သိရသည်။
ဆက်လက်၍ ဗဟိုမဏ္ဍပ် မှ ဗိုလ်မှူး ဖိုးကွန်းလမ်း
အတိုင်း တော်ဝင် ကေတုမတီ ဟိုတယ်အထိ ဆင် မြင်း ဗိုလ်ပါ အစုံအလင် ဖြင့် ဘုရင် နှင့် မိဖုရား
၊ သားတော် အိမ်ရှေ့စံ ၊ သမီးတော်များ ၊ အခြွေအရံ များဖြင့် ထွက်တော် မူသည့် အခင်းအကျင်း
အတိုင်း ၀င်းခင်း သဘင် ကျင်းပသည်။ တောင်ငူမြို့ သမိုင်း အထောက်အထား များ အနည်းငယ်သာ
ကျန်ရှိသဖြင့် ၀တ်စုံများအား တောင်ငူ ခေတ် ၀တ်စား ဆင်ယင်မှု ပုံစံဖြင့် ၀တ်ဆင်ပြီး ၀င်းခင်းသည့်
အခင်း အကျင်း ကိုမူ မင်းတုန်းမင်း တရားကြီး ၏ ကောင်းမှုတော် ကျောက်တော်ကြီး ဘုရား နံရံ
ဆေးရေး ပန်းချီပါ ၀င်းခင်းပုံ အတိုင်း ဘုရင် မင်းကြီးညို နှင့် မိဖုရား ၊ သားတော် အိမ်ရှေ့စံ
နှင့် ကြင်ယာတော် ၊ သမီးတော်များ ၊ နောက်ပါ အခြွေအရံ များဖြင့် ထွက်တော်မူ ပုံကို ရုပ်ရှင်
သရုပ်ဆောင် များ ၊ မြို့ခံ ၀ါသနာရှင် များဖြင့် ကျင်းပခြင်း ဖြစ်သည်။
နံနက် ၉ နာရီတွင် တော်ဝင် ကေတုမတီ ဟိုတယ်
၊ ဘုရင့်နောင် ခန်းမ၌ ပွဲတော် ဖွင့်ပွဲ အခမ်းအနား နှင့် ပွဲတော် အထိမ်းအမှတ် ပြိုင်ပွဲများ၏
ဆုချီးမြှင့်ပွဲ အခမ်းအနား ကိုကျင်းပ ခဲ့သည်။ ည ၇ နာရီတွင် လေးကျွန်း မင်္ဂလာ ကန်တော်ကြီး
အတွင်း ဆီမီး ၉၀၀၀ မီးကြာခွက် မျှောပူဇော်ပွဲ ကျင်းပခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိ သူများ
၊ မြို့မိ မြို့ဖများ ၊ မြို့သူ မြို့သားများ စုပေါင်း ပါဝင်ကာ မီးမျှော ပူဇော် ခဲ့သည်။
ယခုနှစ် ပွဲတော်တွင် ပွဲတော် အကြိုရက်များ
အတွင်း သမိုင်းဝင် ရှေးဟောင်း စည်းခုံကြီး ဘုရား အရံစေတီ ၁၆ ဆူ ထီးတော် တင်လှူ ပူဇော်ပွဲ
နှင့် ပြာသာဒ် လေးဆောင် လှူဒါန်းပွဲ ၊ ဘုရင့်နောင် မင်းတရားကြီး တည်ထား ကိုးကွယ်သော
ကေလဇာတီ ဘုရား ထီးတော် တင်လှူ ပူဇော်ပွဲ ၊ ဘုရင်း မင်းကြီးညို တည်ထား ကိုးကွယ် ခဲ့သော
သာရမဉ္ဇူ စေတီ ထီးတော် တင်လှူပွဲ တို့ ကျင်းပခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment