ဝါရှင်တန် ၊ ၁၁-၁၁-၂၀၁၃
အမေရိကန် ရေတပ်သည် ၄င်း၏ ပထမဆုံး ပုံစံသစ် လေယာဉ်တင် သင်္ဘောသစ် တစ်စင်းအား အမည် ပေးသည့် အခမ်းအနားကို အမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ် Newport News သင်္ဘောကျင်း ၌ ကျင်းပခဲ့ကြောင်း နိုဝင်ဘာ ၁ဝ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
Gerald R. Ford အတန်းအစား လေယာဉ်တင် သင်္ဘောများအား ဦးဆောင်မည့် အဆိုပါ လေယာဉ်တင် သင်္ဘောကို USS Gerald R. Ford ( CVN 78 ) ဟု အမည်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်တင် သင်္ဘောကို Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောများ နေရာတွင် အစားထိုး အသုံးပြု သွားမည် ဖြစ်ကြောင်း နှင့် တိုက်ခိုက်ရေး စွမ်းရည် မြင့်မားစေရေး အထောက်အကူ ပေးရန် ဒီဇိုင်း ရေးဆွဲ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်း လေယာဉ်တင် သင်္ဘောသည် ကမ္ဘာပေါ်တွင် နည်းပညာ အရ ခေတ်အမီဆုံး လေယာဉ်တင် သင်္ဘောတစ်စင်း ဖြစ်ကြောင်း အဆိုပါ လေယာဉ်တင် သင်္ဘော၏ စစ် ရေယာဉ်မှူး ဗိုလ်မှူးကြီး John Meier က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment