Social Icons

Pages

Tuesday, November 19, 2013

နောင်ကန် ကျေးရွာရှိ အနာကြီးရောဂါ ဝေဒနာရှင်နှင့် ချို့တဲ့နွမ်းပါး မိသားစုဝင်များအား ထောက်ပံ့ပေးအပ်



ကျိုင်းတုံ ၊ ၁၉-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ လွယ်မွေ ကျေးရွာအုပ်စု ၊ နောင်ကန် ကျေးရွာရှိ အနာကြီး ရောဂါ ဝေဒနာရှင် နှင့် ချို့တဲ့နွမ်းပါး သော အိမ်ထောင်စုဝင် ၅ဝ ဦးအား နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက အနာကြီး ရောဂါ ရိပ်သာ၌ ထောက်ပံ့ ပေးအပ်ပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ ပေးမှုကို ကျိုင်းတုံမြို့ ၊ အစိမ်းရောင် လူငယ် ပရဟိတ လူမှု ကူညီရေး ( Green Youth foundation ) အဖွဲ့ဥက္ကဌ ဦးအောင်မိုးဆွေ ဦးစီး အဖွဲ့ဝင် များက ၄င်း ကျေးရွာရှိ အနာကြီး ရောဂါသည် နှင့် ချို့တဲ့ နွမ်းပါးသော အိမ်ထောင်စုဝင် များအား ဆီ ၊ ကြက်ဥ ၊ ငါးသေတ္တာဗူး ၊ ခေါက်ဆွဲခြောက် ၊ ကွေကာအုပ် ၊ လက်ဘက်ခြောက် ၊ နို့ဆီနှင့် အဝတ်အထည် များကို အနာကြီး ရောဂါ ရိပ်သာရှိ တာဝန်ခံ များနှင့်အတူ ခွဲဝေ လှူဒါန်း ပေးအပ်ခဲ့ပြီး တာဝန်ခံ တစ်ဦးမှ ကျေးဇူးတင် စကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...