Social Icons

Pages

Sunday, November 10, 2013

လစ်လပ်နေသော နေရာများတွင် ဒေသခံ ဆရာဝန်များ ဦးစားပေး ခန့်အပ်မည်


ဟားခါး ၊ ၁၀-၁၁-၂၀၁၃

ချင်းပြည်နယ်ရှိ ပြည်သူ့ ဆေးရုံများတွင် ၂ဝ၁၄ ခုနှစ်၌ လစ်လပ် နေသော နေရာများ အတွက် လက်ထောက် ဆရာဝန် ၂၅ဝဝ ခေါ်ယူ ခန့်ထားမည် ဖြစ်ရာ ချင်းပြည်နယ် အတွင်းရှိ ဆရာဝန် လက်မှတ် ရရှိထားသော ဒေသခံ ဆရာဝန်များကို ဦးစားပေး ရွေးချယ် ခန့်ထားမည် ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက '' လစ်လပ် နေတဲ့ နေရာများ အတွက် ဆရာဝန် မှတ်ပုံတင် စာအုပ် လက်မှတ် ရရှိသူ ဒေသခံ ဆရာဝန်များကို ခန့်ထားခြင်းဖြင့် အခွင့်အလမ်း ပိုမို ရရှိအောင် လုပ်ဆောင်ရန် လိုအပ်ပါတယ် ၊ လာမယ့် ၂ဝ၁၄ ခုနှစ်မှာ လက်ထောက် ဆရာဝန် (၂၅ဝဝ) ခေါ်မည့် အချိန်မှာ ချင်းပြည်နယ် အတွက် ပြည်နယ် အတွင်းရှိ လက်မှတ် ရရှိထားသည့် ဆရာဝန် များကို ပြည်နယ် ကျန်းမာရေး ဌာနမှ စာရင်းပြုစုကာ ကျန်းမာရေး ဝန်ကြီးဌာန သို့ နောက်ခံ ကိုယ်ရေး အကျဉ်းဖြင့် ပေးပို့လျှင် ဦးစားပေး စနစ်ဖြင့် ရွေးချယ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်'' ဟု ပြောကြားသည်။


ချင်းပြည်နယ် အတွင်း ဆေးရုံ (၁၃) ခုနှင့် တိုက်နယ် ဆေးရုံ(၁၂) ခုရှိပြီး လက်ထောက် ဆရာဝန်များ လိုအပ်နေပြီး အလုပ် ခန့်ရန် လျှောက်လွှာများ နိုဝင်ဘာလ အတွင်း လက်ခံ သွားမည်ဖြစ်၍ ဒီဇင်ဘာလ အတွင်း စာမေးပွဲ ဖြေဆိုမည် ဖြစ်ရာ အောင်မြင် သူများကို သက်ဆိုင်ရာ ဒေသများသို့ ၂ဝ၁၄ ခုနှစ်တွင် ခန့်အပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...