နေပြည်တော် ၊ ၁၅-၁၁-၂၀၁၃
နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်း က ကချင်ပြည်နယ်
၊ မန်စီမြို့နယ် ၊ ဟန်ထက်ရွာ ပတ်ဝန်းကျင် ၌ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင် များမှ
မသင်္ကာဖွယ်ရာ လူတစ်ဦးအား တွေ့ရှိ၍ ခေါ်ယူ စစ်ဆေးရာ ၄င်းမှာ ကေအိုင်အေ အဖွဲ့မှ ဦးလှသောင်း
(ဘ) ဦးညို ဖြစ်ပြီး ကျောပိုးအိတ် အတွင်း သယ်ဆောင် လာသည့် ဖောက်ခွဲ ဖျက်ဆီးရေး ပစ္စည်းများ
ဖြစ်သော ရီမုမိုင်း တစ်လုံး ၊ ရီမု ခလုတ်တစ်ခု ၊ ဓာတ်ခဲအိမ် နှစ်ခု ၊ 777 တံဆိပ်ပါ
ဓာတ်ခဲ အသေး သုံးကတ် နှင့် မီးတိပ် တစ်ခွေ တို့အား သိမ်းဆည်း ရမိသည်။ ထို့နောက် ဟန်ထက်
ကျေးရွာ ၊ ကချင်ရွာသစ် ကုန်းရှိ ၄င်း၏ နေအိမ်အား ဆက်လက် ရှာဖွေရာ လက်ပစ်ဗုံး တစ်လုံး
၊ တူမီး သေနတ် တစ်လက် ၊ အမ်-၂၂ ကျည် လေးတောင့် ၊ အိုင်ကွန် တစ်လုံးနှင့် ကေအိုင်အေ
ယူနီဖောင်း အင်္ကျီနှစ်ထည် တို့အား ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။
၎င်းအပြင် ဆက်စပ် သတင်း ဖော်ထုတ်ချက်
အရ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် ဒေသခံ ပြည်သူများမှ ကချင် ရွာသစ်ကုန်း
အနီး တောင်ယာ တဲတွင် ပုန်းအောင်း နေသော ကေအိုင်အေ (ကချင်)အဖွဲ့မှ ဦးထွန်းရင် (ဘ) ဦးသိန်းဖေ
အား ဖောက်ခွဲ ဖျက်ဆီး ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ ဖြစ်သော တိုက်ကြိုး အမဲ
၃ ပေ အရှည် ၆ ချောင်း ၊ ကြေးနန်းကြိုး တစ်ခွေ ၊ စနက်တံ တစ်ခု ၊ ဓာတ်ခဲအသေး လေးကတ် ၊
ဖုန်းတစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း နှင့် ဖမ်းဆီး ရမိသူ နှစ်ဦးအား တရား
ဥပဒေနှင့် အညီ အရေးယူ နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)



No comments:
Post a Comment