ပင်လုံပြတိုက် နှင့် မော်ကွန်းတိုက်
ကို ပင်လုံကျောက်တိုင် အနီးတွင် ဖွင့်လှစ်ရန်စီစဉ်
အိအိအောင်
မြန်မာ့ လွတ်လပ်ရေး သမိုင်း အတွက် အရေးကြီး
သည့် ပင်လုံ ပြတိုက် နှင့် မော်ကွန်းတိုက် ကို ပင်လုံကျောက်တိုင် အနီးတွင် ဖွင့်လှစ်
သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
၎င်းပြတိုက် နှင့် မော်ကွန်းတိုက် ကို
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့နယ် ခွဲရှိ ပင်လုံမြို့တွင် တည်ရှိမည် ဖြစ်ပြီး
မြန်မာ့ လွတ်လပ်ရေး သမိုင်းတွင် အရေးပါသည့် ပင်လုံကျောက်တိုင် ကိုလည်း မွမ်းမံ ပြင်ဆင်
သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအတွက် ကုန်ကျစရိတ် အရပ်ရပ်ကို ထူးကုမ္ပဏီ
က တာဝန်ယူ မည်ဖြစ်ပြီး ပြတိုက်နှင့် မော်ကွန်းတိုက် တွင် ပင်လုံစာချုပ် နှင့် ပင်လုံ
ကျောက်တိုင် ဖြစ်ပေါ်လာပုံ သမိုင်းကိုလည်း ပြသ သွားမည် ဖြစ်ကာ ကျောက်တိုင်ဝင်း အတွင်း
ပြုပြင်ရန် အတွက် ရှမ်းပြည်နယ် အစိုးရ ကလည်း ပံ့ပိုး ကူညီသွားမည် ဖြစ်ပြီး ကျောက်တိုင်ကို
ယခုလှမှ စတင် ပြုပြင် မွမ်းမံ၍ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ တွင် အပြီး တည်ဆောက်ရန် လျာထား
သည်ဟုလည်း သိရသည်။
ပြတိုက် အတွင်းတွင် ဗိုလ်ချုပ် အောင်ဆန်း
နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံစာချုပ် လက်မှတ် ရေးထိုးနေပုံများ အပါအ၀င်
ပင်လုံစာချုပ် ကိုပါ ထည့်သွင်း ပြသသွားရန် စီစဉ် နေကြောင်းလည်း သိရသည်။ မြန်မာ့ လွတ်လပ်ရေး
ကြိုးပမ်းမှု ကာလအတွင်း ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ပြည်မ ကိုယ်စားလှယ် အဖွဲ့နှင့်
ကချင်ဒူးဝါး ၊ ချင်း တိုင်းရင်းသား ခေါင်းဆောင် များနှင့် ရှမ်းစော်ဘွား များ ၃ ရက်တိုင်
ညှိနှိုင်း ဆွေးနွေး ခဲ့ကြပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက သမိုင်းဝင်
ပင်လုံစာချုပ် ကို ပင်လုံ ကျောက်တိုင် နေရာတွင် ချုပ်ဆို နိုင်ခဲ့ကြခြင်း ဖြစ်သည်။
မူလက ပင်လုံ ကျောက်တိုင် တည်နေရာတွင် ၁၂ ပေ ရှိသည့် သပြေတိုင် ကို ဗိုလ်ချုပ် အောင်ဆန်း
ကိုယ်တိုင် အထိမ်းအမှတ် အဖြစ် စိုက်ထူ ခဲ့ပြီး ထိုမှတစ်ဆင့် ၁၉၅၁ ခုနှစ်တွင် ပင်လုံ
မြို့စား ဦးစံမြက သပြေတိုင် နေရာတွင် အထိမ်းအမှတ် ကျောက်တိုင် ကို ဆောက်လုပ် ခဲ့ကြောင်း
သိရသည်။


No comments:
Post a Comment